ရှယ်ယာတစိတ်တပိုင်းကို စတင်ဝယ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

ဗြိတိန်ဘီလျံနာတယောက်ဖြစ်တဲ့ ဆာဂျင်မ်ရတ်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာတစိတ်တပိုင်းကို ဝယ်ယူဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟခဲ့ပြီး အနာဂတ်မှာ အသင်းကို အလုံးစုံပိုင်ဆိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။ ငယ်ဘဝတည်းက ယူနိုက်တက်ပရိသတ်တယောက်လည်းဖြစ်တဲ့ ရတ်ကလစ်ဖ်ဟာ အမေရိကန်ဒေါ်လာ (၁၃) ဘီလျံအထိ ချမ်းသာကြွယ်ဝသူတယောက်ဖြစ်ပါတယ်။



သူ့ရဲ့ဓနအင်အားနဲ့ ယူနိုက်တက်ကို ချက်ချင်းဝယ်ယူနိုင်စွမ်းလည်းရှိပြီး “တကယ်လို့သာ ယူနိုက်တက်ကို ရောင်းချမယ်ဆိုရင် ရတ်ကလစ်ဖ်က ရေရှည်အတွက် အလားအလာရှိတဲ့ ဝယ်လက်တယောက်ပါ” လို့ ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက The Times သတင်းဌာနက အတည်ပြုခဲ့ပါတယ်။ Ineos ရဲ့ တည်ထောင်သူဟာ အရင်တည်းက ယူနိုက်တက်ကို ဝယ်ယူဖို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ယူနိုက်တက်ကို ဝယ်ယူမယ့် ကိစ္စနဲ့ပတ်သက်လို့ ရတ်ကလစ်ဖ်တယောက် မကြာခင်မှာပဲ ဂလေဇာမိသားစုနဲ့ စကားပြောဆို ဆွေးနွေးသွားဖွယ်ရှိပါတယ်။ သူ့အနေနဲ့ အစပိုင်းမှာတော့ ရှယ်ယာတစိတ်တပိုင်းကို စတင်ဝယ်ယူမှာဖြစ်ပြီး အဲ့ဒီနောက်မှာမှ တဖြည်းဖြည်းနဲ့ အသင်းကို အလုံးစုံထိန်းချုပ်သွားဖို့ ပစ်မှတ်ထားနေဟန်ရှိပါတယ်။ ရတ်ကလစ်ဖ်ဟာ ချဲလ်ဆီးကို အေဘရာမိုဗစ်ချ် ရောင်းချခဲ့ချိန်ကလည်း ဝယ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် အမေရိကန်သူဌေးတော့ဒ်ဘိုလီကသာ ချဲလ်ဆီးပိုင်ရှင်သစ်ဖြစ်လာခဲ့ပါတယ်။

ဂလေဇာမိသားစုဘက်ကလည်း ယူနိုက်တက်အတွက် အမေရိကန်ဒေါ်လာ (၆) ဘီလျံအထိ စျေးသတ်မှတ်ထားတယ်လို့ မနေ့ညက သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဂလေဇာမိသားစုဟာ (၂၀၀၅) မှာ ယူနိုက်တက်ကို အလုံးစုံ ပိုင်ဆိုင်ခဲ့ကြပြီး အဲ့ဒီအချိန်တည်းက ယူနိုက်တက်ပရိသတ်တွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဂလေဇာတို့ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ချေးငွေအများအပြားကို ထုတ်ယူသုံးစွဲခဲ့ပြီးနောက် အသင်းအောင်မြင်မှုမရရှိချိန်မှာတောင် နှစ်စဥ်အမြတ်ငွေတွေကို ပုံမှန်ထုတ်ယူခဲ့ပါတယ်။ ဒါပေမယ့် ကွင်းတွင်းအောင်မြင်မှုအတွက် လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေကို ပျက်ကွက်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုကို မုန်းတီးဆန့်ကျင်နေကြတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က