ယူနိုက်တက်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဟာမန်းက သုံးသပ်လာခဲ့တာပါ။

လီဗာပူးကွင်းလယ်ကစားသမားဟောင်း ဒီဒီဟာမန်းက ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်မှာ ရော်နယ်ဒိုရှိနေလို့သာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထည့်သွင်းတွက်ချက်ခံနေရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။



ယူနိုက်တက်ဟာ ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ချန်ပီယံဆုတွေအတွက် ထင်ကြေးပေးခံရမှုတွေ မြင့်တက်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒါက ခဏတာသာဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားလက်အောက် ကစားပုံဆိုးရွားနေတဲ့အပေါ် ပရိသတ်တွေက မကျေမနပ်ဖြစ်နေရပါတယ်။

အဲ့ဒါကြောင့်လည်း ဟာမန်းက “ယူနိုက်တက်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ရော၊ ချန်ပီယံလိဂ်ဖလားအတွက်ပါ နာမည်စာရင်းရှိနေသေးတာ ရော်နယ်ဒိုတစ်ယောက်တည်းကြောင့်ပါ။ ရော်နယ်ဒိုသာမရှိရင်၊ သူ့ရဲ့သွင်းဂိုးတွေသာမရှိရင် ယူနိုက်တက်တို့ ဘယ်နေရာရောက်နေမလဲ ကျွန်တော် မသိပါဘူး”

“လူတွေက အိုးထရက်ဖို့ဒ်ကို အိပ်မက်ပြဇာတ်ရုံလို့ခေါ်ပါတယ်။ အခုတော့ သူတို့ကွင်းထဲမှာ အိပ်မက်ထက် အိပ်မက်ဆိုးတွေပဲရှိပါတော့တယ်”

“ယူနိုက်တက်ရဲ့ ကစားပုံက လက်ရှိအချိန်မှာ သနားစရာကောင်းနေပြီး ကောင်းမွန်တဲ့ပုံစံတစ်ခုကို မပြသနိုင်သေးပါဘူး။ ဆန်ချိုကလည်း မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာသေးပါဘူး။ ကျွန်တော် ဒါတွေကို နားတောင်နားမလည်နိုင်ပါဘူး”

“ဗာရန်းလိုမျိုး အတွေ့အကြုံတွေအများကြီးရှိတဲ့ ကစားသမားကို သူတို့ရထားတယ်။ နောက်ပြီး ရော်နယ်ဒိုလည်းရှိတယ်။ သူလည်းပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်းသိပါတယ်။ သူတို့တွေ ယူနိုက်တက်မှာ အသားကျဖို့ ဒီလောက်ကြာမယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး” လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဟာမန်းက နည်းပြဆိုးလ်ရှား အထုတ်ခံရနိုင်ခြေနဲ့ ပတ်သက်ပြီးတော့လည်း “နည်းပြ အပေါ် ဖိအားတွေ အရမ်းများနေပါပြီ။ အထုတ်ခံရဖို့က အချိန်ပဲ လိုပါတော့တယ်။ ဘာလို့လဲဆိုတော့ သူတို့ ဆိုးလ်ရှားအတွက် အချိန်တွေအများကြီးပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဘာမှမတိုးတက်လာပါဘူး”

“အခုချိန်အထိကို ကြည့်လို့မကောင်းတဲ့ ကစားပုံနဲ့ ကစားနေဆဲပါ။ ဒါယူနိုက်တက် အစစ်မဟုတ်ပါဘူး။ မကြာခင်မှာပဲ နည်းပြအပြောင်းအလဲတွေမြင်ရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းပြသစ်က လက်ရှိလူအင်အားကို အသုံးချနိုင်မလား စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ လက်ရှိအချိန်မှာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိနိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ ပွဲကျပ်တွေကို ဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေပြီး လက်စတာ၊ အတ္တလန်တာ၊ လီဗာပူး၊ စပါး၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲတွေက ဆိုးလ်ရှားရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလာနိုင်ဖွယ်ရှိပါတယ်။ အများကြ်တတို့ ဆိုးလ်ိန်ပဲ လိုပါတော့တြုလုပ်ခခ

Share

Loading Next Article...
က္က