ယူနိုက်တက်ကစားသမား ၃ ဦးလုံး သွင်းဂိုးပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီက ချက်ကို အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေ ခြေစွမ်းပြသွားခဲ့ပါတယ်။ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ရာမှာ ဒါလော့က ၂ဂိုး၊ ဖာနန်ဒက်က ၁ ဂိုးသွင်းယူခဲ့ပြီး ရော်နယ်ဒိုက ဂျိုတာရဲ့ ပွဲသိမ်းဂိုးအတွက် ဖန်တီးမှုတကြိမ်ပြုလုပ်ခဲ့ပြီး တန်ဟက်ဂျ်ရဲ့ အသင်းသားတွေ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒို ပွဲချိန်ပြည့်ပါဝင် ကစားသွားခဲ့ပြီး သွင်းဂိုးမရခဲ့ပေမယ့် ဖန်တီးမှုတကြိမ်လုပ်နိုင်ခဲ့သလို match fit ဖြစ်ဖို့အတွက်လည်း အထောက်အကူရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီတို့ နောက်တဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ကာ စပိန်က ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်စပိန်နဲ့ပွဲမှာ သရေကစားနိုင်ရုံနဲ့ အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ပွဲကစားချိန် ၁၃ မိနစ်မှာတော့ ရော်နယ်ဒိုတယောက် ဒဏ်ရာရရှိခဲ့ပြီး မျက်နှာမှာပါ သွေးတွေပေနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ချက်ဂိုးသမားသောမတ်စ်ဗာကလစ်နဲ့ ဘောလုံးယှဉ်လုပြီး ပြန်အကျမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နှာခေါင်းမှာ တော်တော်လေးထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ပေါ်တူဂီဆေးအဖွဲ့က ကွင်းထဲထိ လာရောက်ကုသပေးခဲ့ရပြီး ဒီနောက်မှာတော့ သူက ဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။ 

စပိန်နဲ့ပွဲကိုတော့ အင်္ဂါနေ့မှာ ကစားရမှာဖြစ်ပြီး အရေးမနိမ့်ရုံနဲ့ ဆီမီးဖိုင်နယ်ကို ပေါ်တူဂီတို့ တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ ပေါ်တူဂီက နေးရှင်းလိဂ်မှာ ၂၀၁၉ တုန်းက ဗိုလ်စွဲခဲ့ဖူးပြီး အခုတခါမှာ နောက်ထပ်တကြိမ်ဗိုလ်စွဲဖို့အတွက် အခွင့်အရေးရှိလာပြန်ပြီဖြစ်ပါတယ်။ စပိန်ကတော့ ပေါ်တူဂီကို မဖြစ်မနေအနိုင်ကစားမှသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

Share

က္က