ယူနိုက်တက် ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ဟာ မာတစ်ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ အင်တာဗျူးနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ အဆိုပါ အင်တာဗျူးမှာ မာတစ်က ချဲလ်ဆီးနဲ့ ယူနိုက်တက် ကစားသမားတွေကို နှိုင်းယှဉ်ခဲ့တာပါ။
အဆိုပါကွင်းလယ်လူဟာ ယူနိုက်တက်မှာရော၊ ချဲလ်ဆီးမှာရော ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ပါ။ မာတစ်က ချဲလ်ဆီးကစားသမားတွေ စည်းကမ်းရှိသလောက် ယူနိုက်တက် ကစားသမားတွေ ပေါ့ဘာနဲ့ ဆန်ချိုတို့က အမြဲတမ်း နောက်ကျလေ့ရှိကြောင်း၊ အဲ့ဒါကြောင့် ဒဏ်ငွေရိုက်တဲ့စနစ်ကျင့်သုံးခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒီအပေါ်မှာ နဗီးလ်က “ပြီးခဲ့တဲ့အပတ်က မာတစ် အင်တာဗျူးမှာ ပြောခဲ့တဲ့ နောက်ကျတဲ့ကိစ္စက ကျွန်တော့်ကို ဒေါသထွက်စေပါတယ်။ ဘောလုံးလောကမှာ အကြီးမားဆုံး သစ္စာဖောက်မှုက ကစားသမားတွေ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်စားလှယ်တွေက အဝတ်လဲခန်းထဲကအကြောင်းတွေကို မီဒီယာတွေဆီ ပြန်ဖောက်သည်ချတာပါ”
“ဒါက နည်းပြနဲ့ အဝတ်လဲခန်းထဲက အခြားကစားသမားတွေကို အထင်အမြင်သေးတဲ့ကိစ္စပါပဲ။ အရိုးသားဆုံးပြောရရင် ဒါက ခွင့်လွှတ်စရာ သောက်ကြောင်း မရှိတဲ့ကိစ္စပါ။ ကျွန်တော် ဒီအကြောင်းကို ကြားလိုက်ချိန်မှာ ဒီသောက်တလွဲကောင်တွေက နောက်ထပ်နည်းပြတစ်ယောက်ကို ထုတ်ဖို့ ထပ်လုပ်နေကြပြီလို့ တွေးမိခဲ့ပါတယ်”
“ကျွန်တော် ပြောချင်တာကတော့ ငြီးတွားမနေနဲ့၊ ပါးစပ်ကို ပိတ်ထား၊ တတ်နိုင်သလောက် ကြိုးစားလုပ်၊ နောက်တစ်နေ့ကျရင်လည်း ဒါမျိုးပဲလုပ်ဆိုတာပါပဲ” လို့ မာတစ်ကို ဝေဖန်ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။