လီဗာပူးနည်းပြယာဂင်ကလော့ပ်က ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ယူနိုက်တက်ကစားသမားတွေကို ဝေဖန်ခဲ့တဲ့ အဘွန်လဟော်နဲ့ ပတ်သက်လို့ တုံ့ပြန်ခဲ့ပြီး ယူနိုက်တက်ကို ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးတို့ လာမယ့် တနင်္လာည ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဥ်ပြိုင်ကစားကြမှာပါ။
ယူနိုက်တက်ဟာ ရာသီအဖွင့် နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၂၀) ကို ရောက်ရှိနေခဲ့ပါတယ်။ လီဗာပူးကလည်း ပရီးမီးယားလိဂ်ရာသီအစ နှစ်ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရရှိသေးဘဲ နှစ်မှတ်သာရရှိထားပါသေးတယ်။ အဲ့ဒါကြောင့်လည်း ဒီနှစ်သင်း ထိပ်တိုက်တွေ့မယ့်ပွဲက သာမန်ထက် တမူထူးခြားနေပါတယ်။
အဘွန်လဟော်ဟာ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကွင်းထဲမှာ သူစိမ်းတွေလိုဖြစ်နေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ ကလော့ပ်ကတော့ “ဘရန့်ဖို့ဒ်က ဘယ်လောက်ကောင်းတဲ့အသင်းလဲဆိုတာကို ကျနော်တို့က မေ့နေတာပဲဗျ။ အဲ့ဒါကို တော်တော်ဆိုးပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်ပွဲ ပထမပိုင်းကြည့်ပြီး ကျနော် အိမ်အပြန်လမ်းမှာ အဘွန်လဟော် ပြောတာကို ကျနော်ကြားပါတယ်”
“ကျနော် လီဗာပူးကို စရောက်တဲ့နှစ်မှာ သူ ကျနော်တို့နဲ့ တွေ့တော့ ခြောက်ဂိုးပြတ်ရှုံးတယ်လေ။ အဲ့ဒီတုန်းကရော သူက ကွင်းထဲမှာ မွန်းစတားကြီးတကောင်လို စိတ်ဓာတ်မျိုးရှိနေလို့လား။ ကျနော် သူပြောတာကို နားထောင်ပြီး ဖုန်းခေါ်လိုက်ဖို့တောင် လုပ်သေးတာဗျ။ ဖုန်းခေါ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို မေ့လိုက်တာလားလို့ ကျနော်မေးချင်တာ။ တကယ်ကို မယုံနိုင်စရာပဲဗျာ”
“ကစားသမားဟောင်းတွေအနေနဲ့ တခုခုပြောမယ်ဆိုရင် ဖြစ်တတ်တဲ့အရာတွေကို စဥ်းစားသင့်ပါတယ်။ ခင်ဗျားတို့ အဲ့ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတုန်းကရော ဘယ်လိုမျိုး တုံ့ပြန်ခဲ့လဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ် ပြန်မေးသင့်ပါတေနဲ့ ကြုဆိုင်ခဲရက်မေးချင်တာနားထောင်ပြသေးစိတ်ကအစ လိုက်ပါ ” လို့ ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။