ပဲလေ့စ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းထဲမှာ စကားများခဲ့ပြီးနောက် အန်တိုနီနဲ့ ၎င်းရဲ့အသင်းဖော်တွေကြားမှာ အကွဲအပြဲတွေ ရှိနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဖြေရှင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အန်တိုနီဘက်ကနေ ကာကွယ်ခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အသင်းဖော်တွေက စိတ်ပျက်နေကြတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၈၄ သန်းနဲ့ အိုင်းယက်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပေါ့ဂ်ဘာပြီးရင် ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမားခေါ်ယူမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံး ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပေးရတဲ့ပမာဏနဲ့ တန်တဲ့ပုံပေါ်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်းကတည်းက ဘရာဇီးလ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေခံခဲ့ရပြီး အချို့ကလည်း တန်ဟက်အနေနဲ့ အန်တိုနီကို အရန်ခုံပို့ထားရမယ့်အချိန်ကျပြီလို့ ယုံကြည်နေပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက ကစားသမားက ၎င်းရဲ့အသင်းမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲရစ် တန်ဟက်က ခရစ္စတယ် ပဲလေ့စ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းထဲမှာ စကားများခဲ့ပြီးနောက် အန်တိုနီနဲ့ ၎င်းရဲ့အသင်းဖော်တွေကြားမှာ အကွဲအပြဲတွေ ရှိနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဖြေရှင်းခဲ့ပါတယ်။

"ဒါမျိုးက ဖြစ်တတ်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က နှလုံးသားနဲ့ ကစားကြတဲ့သူတွေဖြစ်ပြီး ပွဲစဉ်ထဲမှာ နှလုံးသားနဲ့ ကစားကြတဲ့အချိန်မှာ သူတို့တွေက အကောင်းဆုံးပုံစံမှာရှိနေတယ်။ အဲဒီတော့ အဲဒါက အမြဲတမ်း ဟန်ချက်ညီမှုတစ်ခုပါပဲ။ ပြီးတော့ အမြဲတမ်း ကစားသမားတွေကြားမှာ တခါတလေ စိတ်ခံစားမှုတွေ တောက်လောင်နေတတ်ပေမယ့် ကျွန်တော် ထင်တယ်။ ဒုတိယအခိုက်အတန့်မှာ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းမွန်နေပြီးဖြစ်လို့ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကစားသမားတွေက သူနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတာ လုံးဝမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က