Rating 5 ကျော်သူ တစ်ဦးမျ မရှိခဲ့ပါဘူး။

ဆိုးလ်ရှားအတွက်တော့ နည်းပြရာထူးကနေ ဖယ််ရှားခံရဖို့ အနီးစပ်ဆုံးအဆင့်ကို ရောက်လာခဲ့ပြီး သူ့နေရာမှာ ဇီဒန်းနဲ့အစားထိုးဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ 


ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ ဂိုးပြတ်ရလဒ်ထွက်ပေါ်ခဲ့ပြီး ဆာလာရဲ့ဟက်ထရစ်၊ ရော်နယ်ဒိုရဲ့ လူကြီးလူကောင်းမပီသတဲ့လုပ်ရပ်၊ ပရိသတ်တွေထပြန်ခဲ့မှု၊ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တဲ့ ဖာဂူဆန် အစရှိတဲ့အခြေအနေတွေနဲ့ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ဆိုးလ်ရှားအတွက်တော့ နည်းပြရာထူးကနေ ဖယ််ရှားခံရဖို့ အနီးစပ်ဆုံးအဆင့်ကို ရောက်လာခဲ့ပြီး သူ့နေရာမှာ ဇီဒန်းနဲ့အစားထိုးဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ 



ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်ကို Daily Mail က ဖော်ပြခဲ့ရာမှာတော့ ယူနိုက်တက်ကစားသမားတစ်ဦးသာ Rating 5 သတ်မှတ်ခံခဲ့ရပြီး ကျန်ကစားသမားအားလုံးဟာ ၄ အောက်မှာပဲ ရှိနေခဲ့ကြပါတယ်။ Rating 5 ရရှိခဲ့တဲ့ တစ်ဦးတည်းသော ယူနိုက်တက်ကစားသမားကတော့ ဂိုးသမား ဒီဂီယာဖြစ်ပြီး အနည်းဆုံးကစားသမားအဖြစ် လုခ်ရှော၊ မက်ဂွိုင်းယားတို့က ၂ သာ ရရှိခဲ့ပါတယ်။ 


ဝမ်ဘစ်စ်ကာက ၂.၅၊ လင်ဒီလော့ဖ်က ၃၊ မက်တော်မီနေး ၃၊ ဖရက်ဒ် ၃.၅၊ ရက်ရှ်ဖို့ဒ် ၃.၅၊ ဖာနန်ဒက်စ် ၃၊ ဂရင်းဝုဒ် ၃.၅ နဲ့ ရော်နယ်ဒို ၃ တို့သာ ရရှိခဲ့ကြပြီး လူစားဝင်လာခဲ့တဲ့ ပေါ့ဂ်ဘာက ၂၊ ဒါလော့က ၄၊ ကာဗာနီဆိုပြီး သတ်မှတ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ကစားသမား ၆ ဦးအထိ အဝါကတ်ပြသခံခဲ့ရပြီး ပေါ့ဂ်ဘာကတော့ လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

တဖက်မှာတော့ လီဗာပူးလ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်က တော်တာ်လေးမြင့်မားခဲ့ပါတယ်။ အယ်လစ်ဆန်၊ အာနိုးတို့က ၇ ၊ ကိုနာတီ ၈ ၊ ဗန်ဒိုက် ၇.၅ ၊ ရောဘတ်ဆန် ၇ ၊ ဟန်ဒါဆန် ၈ ၊ မီလ်နာ ၇ ၊ ဆာလာ ၉.၅၊ ဖာမီနို ၈ ၊ ဂျိုတာ ၇.၅၊ အန်ဒရီယန်နဲ့မာနေးက ၆.၅၊ ဂိုမက်ဇ်၊ ချိန်ဘာလိန်၊ ကာတစ်ဂျုံးစ်တို့က ၇ အဖြစ် သတ်မှတ်ခံခဲ့ရကာ ပြိုင်ဘက်အသင်းထက် အပြတ်အသက်သာလွန်နေခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က