ဗီလာကို အနိုင်ယူပြီး အက်ဖ်အေဖလားနောက်တဆင့်ကို ယူနိုက်တက်တို့ တက်ရောက်သွားခဲ့ပေမယ့်လည်း အသင်းကစားသမားဟောင်းတဦးဖြစ်တဲ့ ပေါလ်ပါကားကတော့ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မက်တော်မီနေးရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် ခြေစွမ်းအရတော့ ပြိုင်ဘက်ကို အသာစီးမရခဲ့ဘဲ ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။
"၀ုလ်ဗ်နဲ့ပွဲမှာဆိုရင် ယူနိုက်တက်ကွင်းလယ်လူတွေရဲ့ အဆင့်အတန်းက တန်းဆင်းရမယ့်အဆင့်မှာရှိနေခဲ့တာကို ကျနော်တို့မြင်ခဲ့ရတယ်" ပေါလ်ပါကားက ပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ ယူနိုက်တက်အတွက် အကောင်းဆုံးကစားပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က ဆိုးဆိုးရွားရွားခြေစွမ်းကျဆင်းနေပြီး ဖန်တီးမှုပိုင်းမှာပါ အားနည်းနေခဲ့ပါတယ်။
ဖရက်ဒ်၊ မက်တော်မီနေးနဲ့ မာတစ်တို့ကလည်း တည်ငြိမ်တဲ့ခြေစွမ်းမျိုးမှာမရှိဘဲ တနေ့ရွှေ၊ တနေ့ငွေခြေစွမ်းကို ပြသနေကာ တိုက်စစ်ပိုင်းက ကစားသမားတွေကို လုံလောက်တဲ့ ပံ့ပိုးမှုတွေမပြုလုပ်ပေးနိုင်ခဲ့ဘဲ ရှိနေပါတယ်။