ဂါနာချိုရဲ့ အရည်အချင်းကို မက်ဆီတယောက် အထင်ကြီးနေတာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ယူနိုက်တက် လူငယ်ကြယ်ပွင့်ကစားသမားလေး ဂါနာချိုရဲ့ စွမ်းဆောင်ရည်နဲ့ယုံကြည်ချက်တို့အပေါ် တော်တော်လေး အထင်ကြီးလေးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့မတ်အတွင်းက အာဂျင်တီးနားမှာ မက်ဆီနဲ့ အတူတွဲ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။



ဂါနာချိုဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီး လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဂါနာချိုရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေအပေါ် မက်ဆီက အထင်ကြီးလေးစားသွားခဲ့တာပါ။ ဒါ့အပြင် အနာဂတ်မှာလည်း တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ် မက်ဆီက ဂါနာချိုကို ယုံကြည်ထားကြောင်းလည်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဂါနာချိုဟာ အာဂျင်တီးနားယူ- ၂၀ အသင်းအတွက်လည်း အကောင်းဆုံးခြေစွမ်းပြနေပြီး ရီဗယ်လိုပြိုင်ပွဲမှာလည်း (၄) ပွဲကစား၊ (၄) ဂိုးသွင်းနဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေက ကင်းထောက်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ ဂါနာချိုဟာ မိခင်ကလပ် ယူနိုက်တက်မှာ ရော်နယ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာကြောင့် အဂွေရိုအပြင် အာဂျင်တီးနားသားတွေက ဂါနာချိုကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။



ဒါပေမယ့် မက်ဆီနဲ့ဂါနာချိုအကြားမှာတော့ ပြဿနာတစုံတရာရှိဟန်မတူဘဲ မက်ဆီက ဂါနာချိုကို လက်ရွေးစင်အသင်းမှာ အကောင်းဆုံး တွဲခေါ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ကလည်း ဂါနာချိုရဲ့ စွမ်းဆောင်ရည်တွေကို အထင်ကြီးနေပြီး လာမယ့်ရာသီအသင်းကြီးအတွက် နေရာတနေရာ စိန်ခေါ်နိုင်မယ့် ကစားသမားဖြစ်လာနိုင်တယ်လို့ နည်းပြအဖွဲ့ဝင်တွေကို ပြောကြားထားပါတယ်။ 

Share

က္က