အက်သလက်တီကိုနဲ့ပွဲမတိုင်ခင် ရန်းနစ်ဂ်က အခုလိုပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ဒီကနေ့ည အက်သလက်တီကိုနဲ့ ရင်ဆိုင်ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မတိုင်ခင်မှာ သူ့အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ပိုင်းအနေအထားနဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားတဲ့ (၂၀၁၃) နောက်ပိုင်း ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို နှစ်ကြိမ်သာ ကျော်လွန်နိုင်ခဲ့ပြီး (၂၀၁၁) နောက်ပိုင်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။



အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ပြီး ပွဲကျပ်တယ်လို့ သိလိုက်ရချိန်တည်းက ယူနိုက်တက်ပရိသတ်တွေက အသင်းအနေအထားကို စိုးရိမ်မကင်းဖြစ်ခဲ့ပြီး ရန်းနစ်ဂ်ကလည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ရန်းနစ်ဂ်က “(၂၀၁၁) နောက်ပိုင်း ဘာကြောင့် ဆီမီးဖိုင်နယ် မရောက်တော့တာလဲဆိုတဲ့ အဖြေအတွက် ကျနော်တို့ လက်တွေ့ကျကျ စဥ်းစားရပါမယ်”

“အကြောင်းပြချက်အချို့တော့ရှိမှာပေါ့။ ဒါပေမယ့်လည်း နောက်ဆုံး (၇) နှစ် ဒါမှမဟုတ် (၈) နှစ်လောက်ကို ကျနော်တို့ စိတ်မဝင်စားသင့်တော့ပါဘူး။ ကျနော်တို့ အခု ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေးရှိနေပါပြီ။ ဒါပေမယ့် ကျနော်တို့က ဒီအတွက် ထိုက်တန်တယ်ဆိုတာကို သက်သေပြဖို့ အက်သလက်တီကို,ကို အနိုင်ယူဖို့ လိုအပ်ပါသေးတယ်”

“ကစားသမားတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးရမယ်၊ ခွန်အားတွေပေးရမယ်၊ ပြီးရင် ဘာတွေဖြစ်မလဲ ကျနော်တို့ မြင်တွေ့ရမှာပါ။ ဒါပေမယ့် ယူနိုက်တက်လို အသင်းမျိုးက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်လောက် နှစ်တိုင်းပုံမှန်ရောက်သင့်ပါတယ်။ ဥရောပမှာ အရင်က ဒါမျိုးလုပ်နိုင်တဲ့ အသင်းတွေရှိခဲ့ပါတယ်”

“အဲ့ဒီထဲက အချို့အသင်းတွေဆိုရင် ဒုတိယတန်းမှာ ကစားနေကြပါပြီ။ ဂျာမန်မှာဆိုရင် ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်း သုံးလေးသင်းလောက်ရှိခဲ့တာပါ” လို့ ပြောကြားခဲ့သလို “အခု ရှုံးထွက် (၁၆) သင်းအဆင့် အဆုံးအဖြတ်က အက်သလက်တီကိုကွင်းမှာ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်ကွင်းမှာပါ” လို့လည်း ရန်းနစ်ဂ်က ပြောကြားသွားခဲ့ပါသေးတယ်။ 

Share

က္က