လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး ခြေစွမ်းလည်းမပြနိုင်ဖြစ်နေတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အာဆင်နယ်က စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးတည်းသာရရှိထားပြီး ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိတဲ့အထိ ရက်ရှ်ဖို့ဒ်က ခြေစွမ်းပျောက်နေတာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ ရာသီကုန်မှာ လာကာဇက်နဲ့ အန်ကီတီယာတို့ရဲ့ စာချုပ်တွေက ပြည့်တော့မှာဖြစ်လို့ အသင်းကထွက်ခွာကြဖွယ်ရှိနေပါတယ်။ ဒီအတွက် တိုက်စစ်ပိုင်းကို အားသစ်လောင်းဖို့ပြင်ဆင်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က သူတို့အတွက် သင့်တော်တဲ့ကစားသမားလို့ ယုံကြည်နေကာ ကမ်းလှမ်းမှုတွေပြုလုပ်လိမ့်မယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ယူနိုက်တက်မှာ ရုန်းကန်နေရပြီး ဒုက္ခနွံထဲရောက်နေတဲ့ ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်က ဆွဲထုတ်ပေးလိမ့်မှာဖြစ်ကြောင်း Daily Mail က ရေးသားခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံထားရပြီး ကမ္ဘာ့ဖလားမတိုင်မီ ပုံစံကောင်းပြသနိုင်မှသာ ကာတာကို လိုက်ပါခွင့်ရမှာလည်းဖြစ်လို့ လက်ကျန်ဘောလုံးရာသီက သူ့အတွက် အရေးပါနေပါတယ်။ 

တကယ်လို့သာ အာဆင်နယ်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဆန်းချက်ဇ်နဲ့ မီခီတာရန်တို့ နောက်ပိုင်း အဆိုပါအသင်းနှစ်သင်းကြားမှာ ကစားသမားပြောင်းရွှေ့မှု ပထမဆုံးဖြစ်လာဖွယ်ရှိနေပါတယ်။ ပုံမှန်အားဖြင့် အာဆင်နယ်ကစားသမားတွေကို ယူနိုက်တက်ကသာ ခေါ်ယူလေ့ရှိပြီး ဗန်ပါစီ၊ ဆန်းချက်ဇ်တို့ အပြောင်းအရွှေ့က ထင်ရှားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က