သူ့အသင်းအတွက် ဝင်ရောက်မကစားခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူဖို့ရာ ညှိနှိုင်းမှုတ​ွေကို လုပ်နေပြီဖြစ်ပါတယ်။ အမ်မရာဘတ်အတွက် ညှိနှိုင်းနေတုန်းဆိုပေမယ့် သူတို့က လေယာဉ်တစီးအသင့်ပြင်ထားပြီးဖြစ်ကာ ဖလောရင့်ကနေ မန်ချက်စတာကို ထွက်ခွာမယ့် လမ်းကြောင်းကလည်း ရှိနေပြီးသားဖြစ်ပါတယ်။ 

ကစားသမားနဲ့ သဘောတူညီမှုရဖို့က အားလုံးအဆင်ပြေပြီးဖြစ်ကာ ဖီအိုရင်တီးနားနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းနေတာဖြစ်ပါတယ်။ မော်ရိုကိုကွင်းလယ်လူဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ကာလရှည်စောင့်ဆိုင်းနေခဲ့သူဖြစ်ပြီး သူနဲ့ပတ်သက်ကာ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ 

"ယူနိုက်တက်အနေနဲ့ အမ်မရာဘတ်ကို ရရှိခဲ့မယ်ဆိုရင် သူတို့အသင်း ပရိသတ်တွေအနေနဲ့ ဒီကစားသမားကို ချစ်မြတ်နိုးတယ်ဆိုတာ ပြသရပါလိမ့်မယ်။ သူက တကယ့်ကို အံ့မခန်းကစားသမားပါ။ ဘာလို့လဲဆိုရင် ဆော်ဒီငွေကြေးတွေနဲ့ ကမ်းလှမ်းမှုအများအပြားကို သူက ငြင်းဆန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းလာမှာကို ဇွန်လကတည်းက စောင့်ဆိုင်းနေခဲ့တာကြောင့်ပါ"

"ယူနိုက်တက်က သူ့ကို မခေါ်ယူတော့ဘူးဆိုမှသာ အခြားအသင်းကို ပြောင်းရွှေ့ဖို့က သူ့အတွက် တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ သူက ယူနိုက်တက်ကမ်းလှမ်းလာမှာ တခုတည်းကိုပဲ စောင့်ဆိုင်းနေခဲ့တာပါ။ ဒီအသင်းကို သူ ဘယ်လောက်ထိ သဘောကျလဲဆိုတာကို ဒီနည်းလမ်းနဲ့ ပြသခဲ့ပြီး အသင်းတသင်းအတွက် အခုလိုမျိုး စောင့်ဆိုင်းနေရတယ်ဆိုတာ မလွယ်ကူပါဘူး။ ပြီးတော့ သူက အနည်းဆုံ ရက်ပေါင်း ၇၀ လောက်အထိ စောင့်ဆိုင်းနေခဲ့ပြီးပါပြီ"


"အမ်မရာဘတ်က အဲဒီလိုတွေလုပ်ခဲ့တာပါ၊ သူက အသိအမှတ်ပြုခံရဖို့၊ လေးစားမှုခံရဖို့အတွက် ထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖို့အတွက် သေချာသလောက်လည်း ရှိနေကာ အမ်မရာဘတ်တယောက် သူကစားချင်တဲ့ ယူနိုက်တက်မှာ ကစားခွင့်ရဖို့ကို ပရိသတ်တွေကလည်း မျှော်လင့်နေပါတယ်။ 

Share

Loading Next Article...
က္က