ဂျူဗီမှာ တစ်နှစ်လုပ်ခ ပေါင် ၂၆ သန်း ရရှိခဲ့တာပါ။

ဒီလိုလျှော့ယူခဲ့ပေမယ့်လည်း အသင်းရဲ့ လစာအများဆုံးရကစားသမားအဖြစ်တော့ ရှိနေမှာလို့ ဆိုပါတယ်။ 


ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိခဲ့ချိန်မှာ ရော်နယ်ဒိုဟာ လုပ်ခလစာငွေလျှော့ယူသွားမယ်လို့ သိရပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ပေါင် ၆ သန်းအထိ လျှော့ယူသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရကာ ဒီလိုလျှော့ယူခဲ့ပေမယ့်လည်း အသင်းရဲ့ လစာအများဆုံးရကစားသမားအဖြစ်တော့ ရှိနေမှာလို့ ဆိုပါတယ်။ 

တစ်ပတ်လုပ်ခပေါင် ၃၈၅၀၀၀ အထိ ရော်နယ်ဒိုက ရရှိမယ်လို့ သိရပြီး တစ်နှစ်လုပ်ခအားအနေနဲ့ ပေါင်သန်း ၂၀ အထိ ရော်နယ်ဒိုရရှိမယ်လို့ သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်က ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်မှာ သူရရှိခဲ့တဲ့ တစ်နှစ်စာလုပ်ခပမာဏထက် နည်းပါးတာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ကစားသမားဘက်က လိုလိုလားလားရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


လက်ရှိမှာတော့ ရော်နယ်ဒိုက ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်ကာ စာချုပ်လက်မှတ်ထိုးဖို့။ ဆေးစစ်ဖို့အတွက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆေးစစ်မှုတွေကိုတော့ ဒီနေ့မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ သိရပြီး ပေါ်တူဂီ၊ လစ္စဘွန်းမှာပဲ ပြုလုပ်နိုင်ကာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အသင်းနဲ့ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ကစားဖွယ်ရှိနေပါတယ်။ 


ရော်နယ်ဒိုရဲ့ ဒရာမာဆန်လွန်းတဲ့ ယူနိုက်တက်အပြန်လမ်းခရီးဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ မန်စီးတီးကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပြီးခါမှ နာရီပိုင်းအတွင်းမှာပဲ ယူနို်က်တက်နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီရဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် နောက်ထပ်ကမ္ဘာကျော်ကစားသမားတစ်ဦးရဲ့ ထင်မှတ်မထားတဲ့ ပြောင်းရွှေ့မှုလည်းဖြစ်လာခဲ့ပါတယ်။ 

Share

က္က