အသင်းအတွက် ပျော်ရွှင်စရာနေ့ရက်တွေကို သယ်ဆောင်လာပေးမယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ်အနေနဲ့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောဆိုခဲ့ပြီးပြီလို့ အဲရစ်တန်ဟက်ဂျ်က ဆိုပါတယ်။ တန်ဟက်ဂျ်ကတော့ ၂၀၁၃ မှာ ဖာဂူဆန်အနားယူခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ၅ ဦးမြောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရသူဖြစ်လာခဲ့ကာ ဂန္ထဝင်နည်းပြကြီးနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်းကို အခုမှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ 

အသက် ၅၂ နှစ်အရွယ် တန်ဟက်ဂျ်က "ကျနော် သူနဲ့ အဆက်အသွယ်ရှိခဲ့ပေမယ့် စကားသီးသန့်ပြောခဲ့တာပါ၊ ဆာအဲလက်စ်နဲ့အတူ ဘ၀အကြောင်းပြောဆိုရတာ အရမ်းကောင်းပါတယ်၊ အထူးသဖြင့်တော့ ဘောလုံးအကြောင်းပေါ့" လို့ တန်ဟက်ဂျ်က ဆိုပါတယ်။ ဒေးဗစ်မိုယက်စ်၊ ဗန်ဂါးလ်၊ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ဟာ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ဖာဂူဆန်ရဲ့ အောင်မြင်မှုနဲ့ လိုက်လျောညီထွေမဖြစ်ခဲ့ပေမယ့် တန်ဟက်ဂျ်ကတော့ သူက ယူနိက်တက်က ကံကြမ္မာကို ပြောင်းပြန်လှန်ပေးနိုင်သူဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ 

"ကျနော် ပြင်းပြင်းထန်ထန်ကို ယုံကြည်တယ်၊ ဒါက ကြီးမားတဲ့စိန်ခေါ်မှုပါ၊ ဒါပေမယ့် ကျနော်ရောက်ဖူးတဲ့ နေရာတိုင်းက ကျနော့်အသင်းတွေမှာ ဒီလိုမျိုးတွေပဲ ရင်ဆိုင်ခဲ့ရတာပါ၊ ဒီပရော့ဂျက်က အခက်ခဲဆုံးဆိုတာကို ကျနော်သိတယ်၊ လွယ်တဲ့အလုပ်မဟုတ်ဘူးဆိုတာကိုလည်း သိတယ်၊ ဒါပေမယ့် ကျနော် အခုဒီကိုရောက်နေပါပြီ၊ ကျနော် လုပ်နိုင်တယ်ဆိုတာကို ယုံကြည်ပါတယ်"

"ပထမဆုံးပစ်မှတ်ကတော့ ပွဲတိုင်းကို အနိုင်ရဖို့ပါ၊ အဲဒါက ကျနော်တို့ရဲ့ ချဉ်းကပ်မှုဖြစ်ရမယ်၊ ဒါက ယူနိုက်တက်ပိုင်ဆိုင်ထားတဲ့အရာပါ၊ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး တိုက်စစ်ဆင်ကစားမယ်၊ ကျနော်တို့ ကောင်းကောင်းကစားချင်တယ်၊ ဒါပေမယ့် ကောင်းကောင်းမကစားနိုင်ရင်တောင်မှ အနိုင်ရဖို့က လိုပါသေးတယ်၊ ကျနော့်မှာ နည်းဗျူဟာတခုရှိတယ်၊ လုပ်ငန်းစဉ်တခုပါ၊ အချိန်တော့ယူရပါမယ်၊ အဆုံးမှာတော့ ကျနော်တို့က အနိုင်ရတဲ့အသင်းဖြစ်ရမယ်ဆိုတာက သေချာနေရပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


တန်ဟက်ဂျ်လက်ထက်မှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကစားထားပြိး ၂ပွဲစလုံးအနိုင်ရရှိထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က