ဒီလအစောပိုင်းက ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ ဝတ်ဆင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ရော်နယ်ဒို နောက်ဆုံးဝတ်ဆင်ကစားပေးခဲ့တယ်လို့ ယူဆရတော့မယ့် ဂျာစီဟာ လေလံပွဲတခုမှာ ပေါင် ၃၉၀၀၀ နဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲရတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပြီး ဒီလအစောပိုင်းက ကစားခဲ့တ​ဲ့ ဗီလာနဲ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အဖြူရောင်ဂျာစီဖြစ်ပါတယ်။ 

အဆိုပါဂျာစီကို ဘယ်သူက လက်ဝယ်ရရှိထားလဲဆိုတာကို သတင်းထဲမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ တရုတ်က ပရိသတ်တဦးက ပေါင် ၃၉၀၀၀ နဲ့ ဝယ်ယူသွားခဲ့တယ်လို့သာ ရေးသားထားပါတယ်။ တကယ်လို့သာ ရော်နယ်ဒိုက ကမ္ဘာ့ဖလားအပြီးမှာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အဆိုပါဂျာစီက သူ ယူနိုက်တက်အတွက် နောက်ဆုံးဝတ်ဆင်ကစားပေးခဲ့တဲ့ အမှတ်တရဂျာစီဖြစ်လာမှာပါ။ 


ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထွက်ပေါ်လာခဲ့ပြီးနောက် ရော်နယ်ဒိုကို အရေးယူဖို့အတွက်၊ အသင်းကနေ ထုတ်ပယ်ဖို့အတွက် ယူနိုက်တက်က စီစဉ်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကလည်း ဒီဇင်ဘာလကုန်ခါနီးလောက်မှာ ပြီးဆုံးမှာဖြစ်ကာ ပြိုင်ပွဲပြီးဆုံးပြီး သိပ်မကြာခင်မှာပဲ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို ဖွင့်တော့မှာဖြစ်လို့ ရော်နယ်ဒိုက အသင်းပြောင်းဖွယ်ရှိနေပါတယ်။
 


လက်ရှိမှာ သူ့ကိုခေါ်ယူဖို့အတွက် ချယ်လ်ဆီးနဲ့ အသင်းဟောင်းစပို့တင်းတို့က ရေပန်းစားနေပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၃ ဂိုးတည်းသာ သွင်းယူပေးထားပြီး ပုံမှန်ကစားခွင့်လည်း ပျောက်ဆုံးနေသူဖြစ်ပါတယ်။ အသင်းတွင်းမှာ အဆင်မပြေတာတွေ၊ အခက်အခဲတွေကို အင်တာဗျူးကတဆင့် သူက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေရဲ့ ဒေါသထွက်မှုနဲ့လည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က