ရော်နယ်ဒိုရဲ့နည်းနာအတိုင်း လိုက်နာတဲ့ ကစားသမားတွေရှိနေတာပါ။

ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့နဲ့ ဂါနာချိုတို့ဟာ ရော်နယ်ဒိုရဲ့ နည်းစနစ်တွေကို အသုံးချပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ မကြုံတွေ့ရအောင် ရှောင်လွှဲနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ ရော်နယ်ဒိုဟာ ကွင်းတွင်း ခြေစွမ်းအပြင် ကွင်းပြင်ပ နေထိုင်မှုကိုပါ ဂရုစိုက်တဲ့ ကစားသမားပါ။



ဘောလုံးသမားတစ်ယောက်အတွက် လိုအပ်တဲ့ အသေးစိတ်မှန်သမျှကို ရော်နယ်ဒိုက လိုက်ပါ ဆောင်ရွက်လေ့ရှိပြီး ဒီအချက်တွေက သူ ထွက်သွားပြီးတဲ့နောက် ယူနိုက်တက် ကစားသမားအချို့အတွက်ပါ အသုံးဝင်နေဆဲဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့နဲ့ ဂါနာချိုတို့ဟာ ယူနိုက်တက်ရဲ့ အဓိက,ကစားသမားတွေအဖြစ် ဒီရာသီမှာ အသုံးတော်ခံနေတာပါ။

အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ မိနစ် (၁၂၀) လုံးလုံး ပါဝင်ကစားပေးခဲ့ကြပါတယ်။ အဲ့ဒီနောက် သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက်လည်း အင်ပြည့်အားပြည့် ပါဝင်ကစားပေးခဲ့ကြပြီး ဒဏ်ရာပြဿနာတွေ ကင်းစင်နေဆဲလို့ ဆိုရမှာပါ။


သူတို့ဟာ ရော်နယ်ဒိုလိုမျိုး ပွဲပြီးတဲ့အခါမှာ အနှိပ်ခံတာ၊ ခြေထောက်အကူအညီကို တပ်ဆင်ပြီး ကြွက်သားနာကျင်မှုတွေကို လျှော့ချဖို့၊ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ဖို့ အစရှိတဲ့ နည်းနာတွေကို လိုက်ပါဆောင်ရွက်နေကြကြောင်း မန်ချက်စတာညနေခင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အထူးသဖြင့် ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို မလွဲချော်သလောက်ဖြစ်ခဲ့ပါတယ်။ သူ နာမကျန်းဖြစ်လို့ နောက်ဆုံးလွဲခဲ့တဲ့ပွဲကလည်း ပြီးခဲ့တဲ့ (၂၀၂၂) က စပါးကို အိမ်ကွင်းမှာ နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး (၃) ရက်တစ်ပွဲ ကစားနေရတဲ့ အချိန်မှာတောင် ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက် ပုံမှန်နီးပါး ကစားပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က