အမေး၊အဖြေကဏ္ဍမှာ ဖြေဆိုသွားခဲ့တာပါ။

လီဗာပူးလ်အတွက် ဆက်တိုက်ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူအလက်ဇန္ဒါးအာနိုးလ်ဟာ Sky Sports နဲ့အတူ အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဘယ်လောက်ထိမုန်းတီးနေလဲဆိုတာ ဖော်ပြသွားခဲ့ပါတယ်။ ၃ မိနစ်သာကြာမြင့်တဲ့ ဒီအစီအစဉ်မှာ အာနိုးလ်က မေးခွန်းအနည်းငယ်ကို ပြန်လည်ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါမေးခွန်းတွေထဲက တခုမှာတော့ "ယူနိုက်တက်အတွက် ကစားတာပိုကောင်းမလား ဒါမှမဟုတ် အနားယူချင်လား" ဆိုတာ ပါဝင်ခဲ့ပြီး အာနိုးလ်ကတော့ ရှင်းရှင်းလင်းလင်းပဲ အဖြေပေးခဲ့ပါတယ်။ သူက "အနားယူမယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်၊ ကျွန်တော်သူတို့အသင်းမှာတော့ မကစားနိုင်ပါဘူး" လို့ ဘယ်လိုတွေဝေတာမျိုးမှမရှိဘဲ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

နောက်ထပ်တခါ အာနိုးဖြေဆိုခဲ့တာကတော့ ဂျရတ်နဲ့ ကာရေဂါတို့မှာ ဘယ်သူလဲ တွဲဖက်ကစားချင်လဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အာနိုးလ်က "ဂျရတ်ပေါ့၊ ကာရေဂါလည်း နားလည်နိုင်မယ်ထင်ပါတယ်၊ တကယ်လို့ သူ့ကိုလည်း ဒီလိုမျိုးမေးခဲ့မယ်ဆိုရင် သူလည်း ဂျရတ်လို့ပဲဖြေမှာပါ" လို့ ဖြေဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။



ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကတော့ အင်္ဂလန်ဒါဘီလို့ တင်စားခံခဲ့ရတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းနှစ်သင်းလည်းဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက်က နိမ့်ပါးနေချိန်ဖြစ်ကာ လီဗာပူးလ်က ပြန်လည်ခေါင်းထောင်လာခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့ရာမှာလည်း လီဗာပူးလ်က အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ 

အစဉ်အလာပြိုင်ဘက်တွေဖြစ်တာကြောင့်လည်း အာနိုးလ်က ယူနိုက်တက်မှာကစားဖို့ထက် အနားယူလိုက်မယ်လို့ ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်နဲ့ကစားမလား၊ ယူနိုက်တက်နဲ့ ကစားမလားဆိုတဲ့မေးခွန်းကိုလည်း သူက ယူနိုက်တက်နဲ့သာ ရင်ဆိုင်ချင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က