လီဝန်ဒေါစကီးနေရာမှာ အစားထိုးချင်နေတာပါ။

ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေကို မြန်မြန်ဆန်ဆန်ခေါ်ယူမလား ဒါမှမဟုတ်ရင် သူ့ရဲ့အနာဂတ်ကို စဉ်းစားရတော့မယ်လို့ ရော်နယ်ဒိုက နီးစပ်သူတ​ွေကို ပြောဆိုခဲ့တယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုသတင်းထွက်လာမှုနဲ့အတူ တဖက်မှာလည်း ဘိုင်ယန်မြူးနစ်က ရော်နယ်ဒိုရဲ့အနေအထားကိုစောင့်ကြည့်နေကာ လီဝန်ဒေါစကီးနေရာကို အစားထိုးဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ Bee Sports က ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိစျေးကွက်အတွင်း အသင်းဘက်ကလုပ်ဆောင်နေမှုတွေကို တော်တော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ အသင်းကိုမကျေနပ်တဲ့သဘောမျိုးလို့ ယူဆရတဲ့ ပြောဆိုမှုတွေကို ရေးသားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး အသင်းပရိသတ်တွေကတော့ ရော်နယ်ဒို ထွက်ခွာမယ့်အပေါ် စိုးရိမ်လာကြပါပြီ။ 

ဘိုင်ယန်ကတော့ မာနေးကို ခေါ်ယူထားပြီးဖြစ်ပေမယ့် လီဝန်ဒေါစကီးက အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားလို့ အခက်တွေ့နေတာဖြစ်ပါတယ်။ ထွက်ခွင့်မပေးနိုင်ဘူးလို့ ပြောဆိုထားပေမယ့် ကစားသမားကတော့ သူနဲ့ဘိုင်ယန်တို့ကြားမှာ ဇာတ်လမ်းပြတ်သွားပြီလို့ လူသိရှင်ကြားပြောဆိုထားကာ ဘာစီလိုနာကလည်း ဒုတိယအကြိမ်အဖြစ် လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

ဒီအချိန်မှာပဲ ဘိုင်ယန်က ရော်နယ်ဒိုကို မျက်စိကျလာတာဖြစ်ပြီး ယူနိုက်တက်က အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ယူဆရပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဘိုင်ယန်က ထိပ်သီးအသင်းတသင်း၊ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်မှု၊ လိဂ်အသစ်ဆိုတဲ့ ဆွဲဆောင်နိုင်မှုတွေရှိနေလို့ အမှန်တကယ်သာ ယူနိုက်တက်ကနေ သူ ထွက်ခွာချင်တယ်ဆိုရင်တော့ စဉ်းစားစရာကောင်းတဲ့ အသင်းတသင်းအဖြစ်ရှိနေပါတယ်။ 

ယူနိုက်တက်ဟာ လက်ရှီအချိန်ထိ စျေးကွက်အတွင်း ကစားသမားတဦးမှ မခေါ်နိုင်သေးတာဖြစ်ပါတယ်။ ကစားသမားတဥိးအတွက်ကို တော်တော်လေးကြာမြင့်အ​ောင် လုပ်ဆောင်နေရပြီး ဆွဲဆောင်နိုင်စွမ်းလည်း နည်းပါးလာတဲ့ အသင်းတသင်းအဖြစ် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ 

Share

က္က