ဆိုးလ်ရှားနဲ့ရန်းနစ်ဂ်တို့ကို ရည်ရွယ်ထိုးနှက်သွားခဲ့တာဖြစ်နိုင်ပါတယ်။

မနေ့ညက ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ မော်ရင်ဟိုက သူ့ရဲ့ထုံးစံအတိုင်းပဲ စကားလုံးအရည်အသွေးပြပြီး သူ့နောက်မှာဆက်ခံတဲ့ ယူနိုက်တက်နည်းပြတွေဖြစ်တဲ့ ဆိုးလ်ရှားနဲ့ ရန်းနစ်ဂ်တို့ကို သွယ်ဝိုက်ထိုးနှက်လိုက်ပါတယ်။



မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အခု ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲသုံးခုလုံးမှာ ချန်ပီယံဖြစ်ဖူးတဲ့ နည်းပြတယောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟို ယူပေးခဲ့တဲ့ ယူရိုပါလိဂ်ဖလားက လက်ရှိအချိန်ထိ ယူနိုက်တက် နောက်ဆုံးရရှိထားတဲ့ ဆုဖလားပါ။

မော်ရင်ဟိုဟာ ယူနိုက်တက်နဲ့လမ်းခွဲချိန်မှာ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေ၊ ပရိသတ်တွေနဲ့ အကွဲအပြဲဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်ထိ သူသွားလေရာရုံးခန်းတိုင်းမှာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဓာတ်ပုံကို ချိတ်ထားမြဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် အသင်းဂန္တဝင်ဆိုးလ်ရှားနဲ့ နောက်ဆုံးယာယီနည်းပြ ရန်းနစ်ဂ်တို့ကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားတလုံးမှ မဆွတ်ခူးနိုင်ခဲ့ဘဲ ဒီအပေါ်မှာ မော်ရင်ဟိုက သွယ်ဝိုက်ထိုးနှက်ခဲ့ပုံရပါတယ်။

မော်ရင်ဟိုက “ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကျနော်က မတူညီတဲ့အသင်းလေးသင်းနဲ့ ဥရောပမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ယူနိုက်တက်လိုအသင်းမျိုးနဲ့ထိုက်တန်တဲ့ အရည်အသွေးမျိုးမရှိတဲ့အသင်းနဲ့တောင် ကျနော်က ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ ယူနိုက်တက်အတွက်က ဒီလိုမျိုး ဆုဖလားတွေ ဆွတ်ခူးဖို့ဆိုတာ သာမန်ကိစ္စပါ”

“ဒါပေမယ့် ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်ဖလားမရတာက ပုံမှန်မဟုတ်ပါဘူး။ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ရခဲ့တာက လူတွေကို ပျော်ရွှင်စေခဲ့ပါတယ်။ အင်တာမီလန်က ပုံမှန်အားဖြင့် အင်အားကြီး အသင်းတသင်းပါ။ ဒါပေမယ့် သူတို့ အဲ့ဒီမတိုင်ခင် ချန်ပီယံလိဂ်နောက်ဆုံးရတာက နှစ်ပေါင်း (၅၀) လောက်ရှိပြီထင်တယ်”

“ဒီတော့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တာပေါ့။ အခု ရိုးမားနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဖလားရရှိခဲ့တာကလည်း ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းတွင်း ယိုယွင်းမှုတွေရှိနေတာကို မော်ရင်ဟိုက ဒီမတိုင်ခင်မှာလည်း မကြာခဏ ထောက်ပြခဲ့ဖူးပါတယ်။ ဒါ့အပြင် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၂) ရရှိခဲ့တာကလည်း သူ့အတွက် အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က