မီလီတာအိုက ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ကို ဟန့်တားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသခဲ့တဲ့ ဘန်ဇီမာ၊ ကော်တွိုက်စ်တို့အပြင် နောက်ခံလူ မီလီတာအိုရဲ့ ခြေစွမ်းအပေါ်မှာလည်း ပရိသတ်တွေက သဘောကျနှစ်သက်နေကြပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က နောက်ခံလူ အလာဘာ၊ တိုက်စစ်မှူး ဘန်ဇီမာတို့ရဲ့ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ရီးရဲလ်မက်ဒရစ်က ဒီပွဲမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း သတိထားတုံ့ပြန်ခဲ့ရပါတယ်။ ပထမပိုင်းမှာပဲ ဖရန့်ဖတ်က ကာမာဒါ လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရရှိခဲ့ပေမယ့် ဒီအခွင့်အရေးကို ကော်တိုအာ အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ သက်သာခဲ့ပါတယ်။ ဒါ့အပြင် ပွဲကစားချိန် (၂၄) မိနစ်မှာလည်း ရီးရဲလ်မက်ဒရစ်တို့ ဂိုးပေးရမလိုဖြစ်ခဲ့ပါသေးတယ်။

တန်ပြန်တိုက်စစ်ကတဆင့်ပဲ လင်းစထရောင်းမ်က ရီးရဲလ်မက်ဒရစ်ဂိုးရှေ့ကို အပိုင်ဖြတ်ချပေးချိန်မှာ မီလီတာအိုက အကောင်းဆုံး ဖျက်ထုတ်ဟန့်တားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘောလုံးက လွတ်သွားခဲ့ရင်တော့ ဖရန့်ဖတ်အတွက် နောက်ထပ်အပိုင်အခွင့်အရေးဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် မီလီတာအိုရဲ့ ဖျက်ထုတ်ပုံကလည်း ပရိသတ်တွေအတွက်သဘောကျစရာဖြစ်နေပါတယ်။



မီလီတာအိုဟာ ဘောလုံးကိုဖျက်ထုတ်ပြီးနောက် ဂျွမ်းပစ်ကျခဲ့ပေမယ့် ချက်ချင်းဆိုသလို ခြေထောက်ကို ဆန့်ထုတ်ကာ ပြန်ထလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒါကို မီလီတာအိုရဲ့ အမှတ်သညာအဖြစ် သတ်မှတ်နေကြပါတယ်။ ဒါ့အပြင် ဒီပွဲမှာ မီလီတာအိုက ဒီဖြစ်ရပ်တခုတည်းတင်မဟုတ်ဘဲ ဖရန့်ဖတ်ရဲ့ တိုက်စစ်ကို သူ့ရဲ့ပြေးအား၊ ခွန်အားတွေနဲ့ အကောင်းဆုံးထိန်းချုပ်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ “ဒီကနေ့ညအတွက် ငါ့ရဲ့ အကောင်းဆုံးကစားသမားက မီလီတာအိုပဲ” “မီလီတာအိုက ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့နောက်ခံလူတယောက် ဘာကြောင့်ဖြစ်နေလဲဆိုတာ ဒီနေ့ပွဲကသက်သေပါပဲ” “မီလီတာအိုအတွက် ဆိုးရွားတဲ့ပွဲတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေကို မေ့လိုက်ပါ” လို့ အသီးသီးချီးကျူးမှတ်ချက်ပြုခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က