ရာသီသစ်အတွက် စူပါကွန်ပျူတာက တွက်ချက်ခဲ့တာပါ။

စူပါကွန်ပျူတာဟာ လာမယ့်ရာသီသစ်အတွက် အလားအလာတွေကို ခန့်မှန်းတွက်ချက်ခဲ့တဲ့နေရာမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ရာသီကလိုပဲ ယူရိုပါလိဂ်အတူတူဝင်ဦးမယ်လို့ အဖြေထွက်ခဲ့ပါတယ်။



တွက်ချက်မှုအရ ထိပ်ဆုံး (၆) သင်းအနေအထားက ပြီးခဲ့တဲ့ရာသီကလိုပဲ အပြောင်းအလဲမရှိ မန်စီးတီး ချန်ပီယံ၊ လီဗာပူး ဒုတိယနဲ့ ချဲလ်ဆီး၊ စပါး၊ အာဆင်နယ်တို့ အစဥ်လိုက် ရပ်တည်နေပါတယ်။ စပါးကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ထပ်မံရရှိဦးမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဒီနှစ်ထက် အဆင့်တဆင့်တက်ကာ အဆင့် (၅)၊ အာဆင်နယ်ကတော့ တဆင့်ကျပြီး အဆင့် (၆) ရရှိမှာပါ။

ဒါပေမယ့် နှစ်သင်းလုံး အတူတူ ယူရိုပါလိဂ်ကန်ခွင့်ရရှိမှာဖြစ်တယ်လို့ တွက်ချက်မှုအရ သိရှိရပါတယ်။ သူတို့ရဲ့အောက်မှာတော့ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ လက်စတာ၊ ဗီလာတို့က ထိပ်ဆုံး (၁၀) သင်းထဲမှာ ရပ်တည်လျက်ရှိပါတယ်။ စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ တန်းဆင်းမယ့်အသင်းတွေက အခု တန်းတက်အသင်းတွေပဲဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ဖူလ်ဟမ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့ တန်းတက်မှာဖြစ်ပြီး ဒီသုံးသင်းလုံး လာမယ့်ရာသီကုန်ချိန်မှာ တန်းပြန်ဆင်းရမယ်လို့ သိရှိရပါတယ်။ ရာသီသစ်အတွက် ပရီးမီးယားလိဂ်ပွဲစဥ်ဇယားတွေကို မနေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ် အဲရစ်တန်ဟက်ခ်လက်အောက်မှာဆိုပေမယ့် လက်ရှိအချိန်အထိ လူမဝယ်နိုင်သေးဘဲ စိတ်ပျက်စရာ အခြေအနေတွေကို ကျော်ဖြတ်နေရပါတယ်။ ဒါ့အပြင် ဒီအသင်းဟာ အောက်တိုဘာမတိုင်ခင်မှာတင် ထိပ်သီး (၆) သင်းလုံးနဲ့ တွေ့ဆုံရမှာပါ။ အာဆင်နယ်ဟာ အစောပိုင်းမှာ ပွဲချောင်ပေမယ့် အောက်တိုဘာနဲ့နိုဝင်ဘာမှာ ပွဲကျပ်လွန်းနေပြီး ရုန်းကန်ရမယ်လို့ ပရိသတ်တွေက တွက်ချက်ထားပါတယ်။ 

Share

Loading Next Article...
က္က