ဗာရန်းကတော့ အသင်းရဲ့အနေအထားအပေါ် အားရနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူ ဗာရန်းက သူ့အနေနဲ့ ယူနိုက်တက်နဲ့အတူ နောက်တစ်ကြိမ် ချန်ပီယံလိဂ်ဖလား ရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဗာရန်းဟာ ရီးရဲယ်မက်ဒရစ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်အထိ ဆွတ်ခူးထားတဲ့ ကစားသမားဖြစ်ပြီး (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကစားသမားပါ။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာတော့ ဗာရန်းဟာ ရီးရဲယ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း (၄၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းရဲ့အဓိကနောက်ခံလူအဖြစ် မက်ဂွိုင်းရားနဲ့ တွဲဖက်ကစားခွင့်ရရှိနေပါတယ်။ လက်ရှိအချိန်မှာ ဗာရန်းက “ယူနိုက်တက်မှာရှိတဲ့လူတိုင်း ယုံကြည်မှုရှိပြီး စည်းလုံးနေဖို့ လိုအပ်ပါတယ်”

“ကျွန်တော် ဒီအသင်းကိုစရောက်လာတည်းက အသင်းမှာအရည်အချင်း အများကြီးရှိတာကို မြင်တွေ့ခဲ့ရပြီး အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် ဒီအပေါ်မှာ ကျေနပ်ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး အချိန်နဲ့အမျှ ကျွန်တော်တို့ တိုးတက်လာတယ်ထင်ပါတယ်”

“အသင်းရဲ့လက်ရှိအနေအထားက အကောင်းဘက်ကို ဦးတည်နေပါတယ်။ အရည်အချင်းရှိတယ်၊ အတွေ့အကြုံရှိတယ်၊ နောက်ပြီး အရာအားလုံးကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိဖို့ လိုအပ်ပါတယ်”


“ကျွန်တော်တို့အားလုံး လိုအပ်နေတဲ့အရာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိဖို့ပါပဲ။ ရည်မှန်းချက်ရှိရမယ်၊ ဒီအပေါ်မှာ ယုံကြည်မှုရှိပြီး ရေရှည်အတွက်ပါ ယုံကြည်ထားရမယ်။ တကယ်လို့ ကျွန်တော်တို့ ဒါတွေကို လုပ်နိုင်ပြီဆိုရင် ဆုဖလားတွေကို သိမ်းပိုက်လို့ရပါပြီ။ ဒီမှာရှိတဲ့အရာရာတိုင်းက နေရာမှန်ကို ရောက်နေပြီး ကျွန်တော်တို့က အသေးစိတ်လေးကိုပဲ လိုက်ပြီးဂရုစိုက်ရတော့မှာပါ” လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဗာရန်းဟာ ရီးရဲယ်မက်ဒရစ် ကစားသမားဘဝမှာ (၂၀၁၃) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို (၄) ကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကတော့ (၂၀၀၈) ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က