မနေ့က စတင်ပူးပေါင်းခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ မန်ချက်စတာမှာ ကွာရန်တင်းငါးရက်ကြာဝင်ခဲ့ရပြီး မနေ့ကမှ နည်းပြဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့ကာ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းဟောင်းယူနိုက်တက်ဆီ တကျော့ပြန်ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းဆင်းခဲ့ပြီဖြစ်ပါတယ်။ ဂျူဗီကနေ ပေါင်သန်း ၂၀ နဲ့ ရော်နယ်ဒိုက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ချက်စတာကို မျှော်လင့်ထားတဲ့အချိန်ထက် စောစီးစွာရောက်ရှိလာခဲ့ပြီး လေ့ကျင့်ခန်းမြန်မြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ မန်ချက်စတာမှာ ကွာရန်တင်းငါးရက်ကြာဝင်ခဲ့ရပြီး မနေ့ကမှ နည်းပြဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့ကာ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ လက်ရွေးစင်အသင်းအတွက် ကစားပေးရခြင်းမရှိတဲ့ ယူနိုက်တက်ကစားသမားတွေ ပူးပေါင်းလေ့ကျင့်ခဲ့ကြပြီး ဒါလော့၊ ဖရက်ဒ်၊ မာတာတို့ကို မြင်တွေ့ခဲ့ရကာ ကစားသမားဟောင်းကြီး ဖလက်ချာကလည်း ဝင်ရောက်လေ့ကျင့်နေခဲ့ပါတယ်။ 

ယူနိုက်တက်မှာ ၆ နှစ်ကြာကစားပေးခဲ့ပြီး ၁၂ နှစ်အကြာမှာတော့ အိုးထရက်ဖို့ဒ်ကို ရော်နယ်ဒို ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ယူနိုက်တက်က နယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲကို ရော်နယ်ဒိုပါဝင်ကစားဖို့ အားလုံးကမျှော်လင့်နေကြပြီး The Sun ကတော့ ကစားသမားအနေနဲ့ ပြင်ဆင်ချိန်အနည်းငယ်သာရရှိထားသေးလို့ အရန်ခုံမှာသာ ကစားရဖွယ်ရှိကြောင်း သုံးသပ်ခဲ့ပါတယ်။ 

သူ့ရဲ့ နာမည်ကျော်ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်သွားဦးမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ဖာဂူဆန်အနားယူပြီးကတည်းက အမှတ်ပေးဖလားကို မရရှိတော့တဲ့ စံချိန်ဆိုးကို ချေဖျက်နိုင်မယ်လို့ ယုံကြည်နေကြပြီး သူ စွမ်းဆောင်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်သွားရတော့မှာပါ။ 

Share

က္က