၃ နှစ်စာချုပ်နဲ့ တရားဝင်ပြောင်းရွှေ့ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်က အသင်းသစ်နဲ့အတူ ရာသီသစ်ကို စတင်ဖို့ မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အတွက် ခြေစွမ်းပြကစားပေးခဲ့တဲ့ အဲရစ်ဆန်ဟာ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀မှာ ထိပ်တန်းအသင်းတသင်းဆီ ထပ်မံပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။ 

ယူရို ၂၀၂၀ မှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျပြီး ကစားသမားဘ၀ပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ရပေမယ့် အားလုံးကိုပါးစပ်အဟောင်းသားဖြစ်အောင် ပြန်လာနိုင်မှုတွေကို အဲရစ်ဆန်က လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြမှုတွေကြောင့်ပဲ လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့သလို စပါး၊ အင်တာမီလန်တို့လို ကလပ်အသင်းဟောင်းတွေကပါ သူ့ကိုပြန်ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ကြတဲ့အထိပါပဲ။ 

ဒါပေမယ့် အဲရစ်ဆန်ကတော့ ယူနိုက်တက်မှာ ကစားဖို့အတွက်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူက "ယူနိုက်တက်က ထူးခြားတဲ့ကလပ်ပါ၊ ယူနိုက်တက်နဲ့အတူ စတင်ဖို့အတွက်ကို ကျနော်မစောင့်ဆိုင်းနိုင်တော့ဘူး၊ အိုးထရက်ဖို့ဒ်မျာ ကျနော် အကြိမ်ကြိမ်အခါခါကစားခဲ့ဖူးတဲ့ အထူးအခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် အခုကတော့ ယူနိုက်တက်ရဲ့ အနီရောင်အကျီကိုဝတ်ဆင်ပြီး ကစားရတော့မယ်ဆိုတာက အံ့အားသင့်ဖို့ကောင်းတဲ့ ခံစားချက်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

အဲရစ်ဆန်ဟာ အေဂျက်ဇ်အသင်းမှာကစားခဲ့ဖူးသူတဦးဖြစ်တာကြောင့်လည်း နည်းပြတန်ဟက်ဂျ်နဲ့ အလွယ်တကူပေါင်းစည်းနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ အဲရစ်ဆန်ကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့အပြီးမှာ လက်ရှိယူနိုက်တက်ကွင်းလယ်လူတွေအားလုံးထက် အဲရစ်ဆန်က ပိုကောင်းတဲ့ကစားသမားဖြစ်တယ်ဆိုတာကိုလည်း အားလုံးက တညီတညွှတ်တည်းထောက်ခံခဲ့ကြပါသေးတယ်။ 

Share

Loading Next Article...
က္က