ဟာလန်းက ဟက်ထရစ်ထပ်သွင်းခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အိမ်ကွင်းပွဲမှာ ဟက်ထရစ်ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၉) ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။



ဒါ့အပြင် ဟာလန်းဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကလည်း ဒီရာသီမှာ ချဲလ်ဆီး၊ ယူနိုက်တက်တို့ တသင်းလုံးပေါင်းသွင်းယူထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားလျက်ရှိပါတယ်။ ချဲလ်ဆီးက ဒီရာသီမှာ (၆) ဂိုး၊ ယူနိုက်တက်က ဒီရာသီမှာ (၄) ဂိုးသာရရှိထားသေးတာပါ။

ဟာလန်းအတွက်ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပထမဆုံးထိချက်ကတဆင့် ဂိုးရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးခင်မှာတည်းက ဟက်ထရစ်သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူက မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွေရိုရဲ့ မန်စီးတီး ကစားသမားဘဝ ပထမဆုံးအဖွင့်ပွဲတွေရဲ့ မှတ်တမ်းနဲ့ ထူးဆန်းစွာ တိုက်ဆိုင်နေခဲ့ပါတယ်။

အဂွေရိုဟာ မန်စီးတီး ကစားသမားအဖွင့်ပွဲမှာ (၂) ဂိုး၊ ဒုတိယပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် သုံးပွဲမြောက်မှာ (၁) ဂိုး၊ (၄) ပွဲမြောက်မှာ ဟက်ထရစ်ရရှိခဲ့ပြီး ငါးပွဲမြောက်မှာတော့ (၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ လေးပွဲမြောက်အထိ အဂွေရိုရဲ့မှတ်တမ်းနဲ့ တထပ်တည်းကိုက်ညီခဲ့ပြီး အခု နောက်ဆုံးပွဲမှာတော့ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် အဂွေရိုရဲ့မှတ်တမ်းထက် တဂိုးသာလွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ ပထမဆုံး ပရီးမီးယားလိဂ်အဖွင့် (၅) ပွဲမှာ (၉) ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားတယောက်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ (၆) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ကန်ဆယ်လိုက တဂိုး၊ လူစားဝင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က နှစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က