ယူနိုက်တက်အတွက်တော့ ရှက်စရာကိစ္စတစ်ခုဖြစ်လာပြန်ပါပြီ။

အိုးထရက်ဖို့ဒ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲဖြစ်ပြီး အဆိုပါပွဲအတွက် မန်စိးတီးဟာ ပြင်ဆင်ချိန် ၄၈ နာရီရရှိခဲ့ပေမယ့် ၁၀ မိနစ်သာ လေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို မကစားခင်မှာ မန်စီးတီးကစားသမားတွေအနေနဲ့ ၁၀ မိနစ်တည်းသာ လေ့ကျင့်ခဲ့ရတယ်လီု့ ကွင်းလယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲဖြစ်ပြီး အဆိုပါပွဲအတွက် မန်စိးတီးဟာ ပြင်ဆင်ချိန် ၄၈ နာရီရရှိခဲ့ပေမယ့် ၁၀ မိနစ်သာ လေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။ 



အဲရစ်ဘိုင်ယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုအခါမှာ ဒီဘရိုင်းက နည်းပြဂွဒီယိုလာဟာ အဆိုပါပွဲအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို စဉ်းစားမရဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ခြေစွမ်းကိုလည်း လေ့လာမှုမပြုလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

"ပုံမှန်ဆိုရင် ကျွန်တော်တို့က ပွဲမတိုင်ခင်မှာ နည်းစနစ်ပိုင်းလေ့ကျင့်မှုတွေပြုလုပ်ရပါတယ်၊ ပြိုင်ဘက်အသင်းကစားတဲ့ပုံအပေါ်မှာမူတည်ပြီးတော့ပေါ့၊ ဒါပေမယ့် ယူနိက်တက်နဲ့ပွဲမတိုင်ခင်မှာ ဂွာဒီယိုလာက ပြောခဲ့ပါတယ်၊ သူတို့ ဘယ်လိုကစားမလဲဆိုတာကို ငါတို့မသိသေးဘူး၊ ငါတို့ကြည့်ကြည့်တာပေါ့တဲ့၊ အဲဒီနောက်တော့ ကျွန်တော်တို့လည်း ၁၀ မိနစ်လောက် လေ့ကျင့်ပြီးတော့ ရပ်တန့်လိုက်ကြပါတယ်"

"ဂွာဒီယိုလာက ပြိုင်ဘက်အသင်းဘယ်လိုကစားလဲဆိုတာကို မကြာခဏကြည့်ပြီး သုံးသပ်သူပါ၊ အဲဒီအချိန်တုန်းကတော့ သူ မသိခဲ့ဘူး၊ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာကိုလည်း သူမသိဘူး၊ ယူနိုက်တက်က နောက်တန်းငါးဦးထားကစားတာလား၊ လေးဦးလား ဒါမှမဟုတ် ကွင်းလယ်မှာ စိန်ပွင့်ပုံစံကစားမှာလား၊ တိုက်စစ်သုံးဦးထားကစားမှာလားဆိုတာ သူမသိခဲ့ပါဘူး" လို့ ဒီဘရိုင်းက ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

အဆိုပါပွဲအပြီးမှာ အသင်းခြေစွမ်းကကောင်းမွန်ခဲ့ပြီး လူစားလဲစရာတောင်မလိုအပ်လို့ မလဲခဲ့ဘူးလို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ အခုအခါမှာ ဒီဘရိုင်းကပါ အဆိုပါပွဲအတွက် ၁၀ မိနစ်ပဲ လေ့ကျင့်ခဲ့တယ်လို့ ထပ်ပြောခဲ့တာကြောင့် ယူနိုက်တက်အတွက်တော့ သိက္ခာတွေက ကျပြီးရင်းကျ ဆိုသလိုဖြစ်နေခဲ့ရပါပြီ။ 

Share

က္က