အသင်းဖော်ဟောင်းရဲ့ အဆင့် ၃ အတွင်းဆိုတဲ့ ပြောဆိုမှုကို ရွန်နီက သဘောမတူခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံး ၃ သင်းအတွင်းမှာ ပါဝင်နေသင့်တယ်လို့ ရော်နယ်ဒိုရဲ့ ပြောဆိုခဲ့မှုအပေါ်မှာ ယူနိုက်တက်တိုက်စစ်မှူးဝိန်းရွန်နီက သဘောတူညီမှုမရှိဘဲ ပြန်တုံ့ပြန်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းက သူ့အသင်းဟောင်းဟာ ထိပ်ဆုံးအသင်းတသင်းဖြစ်ကိုဖြစ်နေရမယ်လို့ အခိုင်အမာပြောဆိုလိုက်တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြလိုက်ပါတယ်။ 

Sky Sports နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး အဆင့် ၃ အောက်ထက် မလျော့တဲ့ ရည်မှန်းချက်နဲ့ ကစားသင့်တယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ အဆင့် ၃ နေရာက လီဗာပူးလ်နဲ့ ယူနိုက်တက်က ၁၂ မှတ်အထိ ကွာဟနေပြီး ရော်နယ်ဒိုကိုယ်တိုင်လည်း ဂိုးရဖို့ရုန်းကန်နေရကာ ယူနိုက်တက်ခြေစွမ်းနဲ့ အနေအထားက ပရိသတ်တွေကိုလည်း စိတ်သောကတွေအများကြီးရောက်နေစေခဲ့ပါတယ်။ 

ရွန်နီက "မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးအသင်းပဲဖြစ်ရမှာပါ၊ ထိပ်ဆုံး ၃ သင်းအဆင့်ထဲ ဝင်ရမှာမဟုတ်ဘူး၊ ဒါက သူတို့ကို ပရိသတ်တွေ၊ ကလပ်အသင်းရဲ့ တောင်းဆိုချက်တွေလို့ ကျနော်ထင်တယ်၊ လက်ရှိမှာ သူတို့ခက်ခဲတဲ့အချိန်တခုကို ကျော်ဖြတ်နေရတာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုအမှားမှ မကျူးလွန်ရင် ချန်ပီယံဆုတွေရရမယ့် အသင်းတသင်းဖြစ်လာမှာပါ"


"ဒါက ယူနိုက်တက်မှာ ခင်ဗျားကစားပြီ ဒါမှမဟုတ် အလုပ်လုပ်နေပြီဆိုရင် ဆုဖလားတွေဆွတ်ခူးဖို့ လိုအပ်လာတာ၊ ဖိအားတွေရှိလာတာပါပဲ၊ အဲဒီနေရာကို သူတို့ပြန်သွားရမှာပါ၊ အဲဒီအတွက်လည်း မှန်ကန်တဲ့အရာတွေကို လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ သေချာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်ကစားသမားရဲ့ အခုလိုပြောဆိုမှုအပေါ်မှာ တော်တော်လေးကျေနပ်နေကြပါတယ်။ 

ယူနိုက်တက်မှာ ကစားသမားဘ၀ကို ဆယ်စုနှစ်တခုကျော်ကြာဖြတ်သန်းခဲ့တဲ့ ရွန်နီဟာ သူ ကစားခဲ့တဲ့သက်တမ်းအတွင်း ဘယ်တုန်းအခါမှ စိတ်အားလျော့ခြင်းမရှိဘဲ ထက်သန်စွာကစားပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်ထိ ပရိသတ်တွေအချစ်ခင်ရဆုံးကစားသမားတွေထဲက တဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က