PSV ကို အရေးနိမ့်ပြီး ဟော်လန်လိဂ်ဖလားဆုံးရှုံးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ်လို့ သတင်းတွေထွက်ခဲ့အပြီးမှာပဲ အေဂျက်နည်းပြတန်ဟက်ဂျ်ဟာ PSV ကို အရေးနိမ့်ပြီး ဟော်လန်လိဂ်ဖလားကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တာဖြစ်ပြီး PSV က ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ ဆုဖလားဆွတ်ခူးသွားခဲ့ပြီး အေဂျက်ဇ်အတွက်တော့ အမှတ်ပေးဖလားကိုသာ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။ 

ဒီအပေါ်မှာ လှောင်ပြောင်မှုတချို့ရှိနေပြီး တန်ဟက်ဂျ်အနေနဲ့ အစစအရာရာကျဆင်းနေတဲ့ ယူနိုက်တက်ကို ကိုင်တွယ်မယ်ပဲ သတင်းတွေထွက်နေချိန်မှာ အေဂျက်ဇ်နဲ့အတူ ဖလားပါလက်လွှတ်လိုက်ရပြီး တကယ်တမ်းသာကိုင်တွယ်ရင် ပိုဆိုးလိမ့်မယ်လို့ တွစ်တာပေါ်မှာ ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ 


အေဂျက်ဇ်အသင်းရဲ့ အားကစားဒါရိုက်တာဂယ်ရီဟမ်စထရာက သူတို့အသင်းနည်းပြတန်ဟက်ဂျ်ဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ "သူအသင်းမှာဆက်ရှိနေဖို့နဲ့ ပတ်သက်ပြီးတော့ အရမ်းရှင်းလင်းပါတယ်၊ ကျနော်တို့လုပ်ခဲ့ပါတယ်၊ အရာအားလုံးကို လုပ်ခဲ့ပြီး သူ အသင်းမှာ ဆက်ရှိနေဖို့ ကြိုးစားခဲ့တာပါ၊ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ အားလုံးကို လုပ်ဆောင်ခဲ့ပါတယ်" လို့ သူက​ ပြောဆိုခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ သွယ်ဝိုက်ကာ အဖြေပေးခဲ့တာလည်းဖြစ်ပါတယ်။ 

တန်ဟက်ဂျ်ကတော့ ယူနိုက်တက်နည်းပြသစ်အဖြစ်နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီးပြီလို့ ပြီးခဲ့တဲ့တပတ်က သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီမှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အတည်ပြုထားခြင်းမရှိသေးဘဲ သတင်းရင်းမြစ်အများအပြားကသာ ရေးသားပြောဆိုနေခဲ့တာဖြစ်ပါတယ်။ 

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တန်ဟက်ဂျ်ကိုလည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ESPN က မေးမြန်းခဲ့ရာမှာ "ကျနော်တို့ လေ့ကျင့်ခန်းတွေနဲ့ အလုပ်ရှုပ်နေပြီး ကစားရမယ့်ပွဲတွေရှိနေပါသေးတယ်၊ အဲဒီအပေါ်မှာပဲ ကျနော်အာရုံစိုက်ထားပါတယ်" လို့ တန်ဟက်ဂျ်က ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အေဂျက်ဇ်ကတော့ PSV ကို အရေးနိမ့်ကာ ဆုဖလားတလုံးလက်လွှတ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က