အဲဗာတန်နဲ့ပွဲမှာ သူဝတ်ဆင်ခဲ့တဲ့ ဖိနပ်နဲ့ အမျိုးအစားချင်းတူညီတာကို လက်ဆောင်ပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဂါနာချိုကတော့ သူ့ရဲ့ ပရိသတ်ကလေးငယ်တဦးကို အံ့အားသင့်ဖွယ်ရာလက်ဆောင်တခု ပေးသွားခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုဟာ လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းနဲ့ လေ့ကျင့်ပြီး ပြန်လာချိန်မှာ ဒီလိုလုပ်ပေးသွားခဲ့တာပါ။ 

ဂါနာချိုဟာ လေ့ကျင့်ကွင်းက ပြန်ထွက်လာချိန်မှာ သူ့ရဲ့ ပရိသတ်လည်းဖြစ်၊ ယူနိုက်တက်ပရိသတ်လည်းဖြစ်တဲ့ ဂျော့ဆိုတဲ့ ကလေးနဲ့ တွေ့ခဲ့တာပါ။ ဂျော့က အဲဗာတန်နဲ့ပွဲမှာ ဂါနာချိုသွင်းယူခဲ့တဲ့ ကန်ချက်ကို ပိုစတာထုတ်ကာ ကိုင်ဆောင်ထားပြီး လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ 



ဂါနာချိုက ဂျော့ရဲ့ မွေးနေ့ကို သိရှိထားပြီးဖြစ်တာကြောင့် မွေးနေ့လက်ဆောင်ဆိုပြီး ဗူးတဗူးကို ထုတ်ပေးကာ အံ့အားသင့်စေခဲ့ပါတယ်။ ဗူးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အဲဗာတန်နဲ့ပွဲမှာ သူ ဝတ်ဆင်ကစားခဲ့တဲ့ Nike Mercurial Vapor 15 Dream Speed 7 boots အမျိုးအစား ဖိနပ်ဖြစ်နေခဲ့ပါတယ်။ 

အမျိုးအစားချင်းအတူတူပဲဖြစ်ပြီး ဂါနာချိုက အသစ်တရံကို လက်ဆောင်ပေးခဲ့တာပါ။ ထင်မှတ်မထားတဲ့ လက်ဆောင်ကို ရရှိခဲ့တဲ့နောက် ဂျော့ဟာ ဝမ်းသာလွန်းပြီး ငိုကြွေးတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဂါနာချိုကိုလည်း ကျေးဇူးတင်ကြောင်း တဖွဖွပြောခဲ့ပါတယ်။ ဖိနပ်ရချိန်မှာ ဖိနပ်ပေါ် လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ 


ဒါပေမယ့် ဂါနာချိုက တခါတည်း ရေးထိုးပေးထားပြီးသားဖြစ်ကာ ငါ ထိုးပေးပြီးပြီကွလို့ ပြန်ပြောခဲ့ပါတယ်။ ဂျော့အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ခဲ့ရပါတော့တယ်။ 

Share

Loading Next Article...
က္က