အသင်းမှာ နောက်တနှစ် ဆက်ကစားသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေမချာဖြစ်နေပေမယ့် ရော်နယ်ဒိုဟာ စာချုပ်ပါသက်တမ်းအတိုင်း ယူနိုက်တက်မှာ နောက်တရာသီဆက်ရှိသွားမယ်လို့ ဆိုပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ သူ့အတွက် ခြောက်ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ယူနိုက်တက်နဲ့အတူ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အေတီကိုကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်မှာလည်း အဆင့်လေးအတွင်း ဝင်ရောက်ခွင့်ရဖို့အတွက် အာဆင်နယ်၊ စပါးတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေက သူတို့ထက် အသာစီးရနေလို့ မလွယ်ကူတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။ စပို့တင်းကနေ ထွက်ခွာလာပြီးကတည်းက ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာသာ ဝင်ရောက်ကစားနေခဲ့တဲ့ ရော်နယ်ဒိုအတွက် ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားရဖို့လည်း ရှိနေပါတယ်။ 

ဒါပေမယ့်လည်း ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ လာမယ့်နည်းပြသစ်ခန့်အပ်မယ့်အပေါ် ယုံကြည်မှုရှိနေပြီး နည်းပြသစ်က အသင်းအတွက် လိုအပ်တာတွေကို ယူဆောင်လာမယ်လို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်ကစားသမားတွေကိုလည်း သူ ဦးဆောင်ပြီး အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီနိုင်မယ်လို့လည်း ခံစားနေရကြောင်း သိရကာ အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ Independent.ie က ဖော်ပြခဲ့ပါတယ်။ 

တကယ်လို့သာ လာမယ့်ရာသီမှာ ယူနိုက်တက်က ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့မယ်ဆိုရင် စာချုပ်ပါစည်းကမ်းအတိုင်း နောာက်ထပ်တနှစ်ပါ သက်တမ်းတိုးဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သူ့အသက် ၃၉ နှစ်အရွယ်အထိ ဆက်လက်ကစားမယ့် အရိပ်အယောင်လည်းဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ရော်နယ်ဒို အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က