ဂျူဗီလေ့ကျင့်ရေးကွင်းမှာ ပြသသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကနေ အလွတ်ထွက်ခွာပြီး ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ ပေါ့ဂ်ဘာကတော့ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ စကေးလ်တွေကို ပြသနေပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုခြင်းမရှိခဲ့ဘဲ ဂျူဗီကို နောက်ထပ်တကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

လေ့ကျင့်ရေးကွင်းမှာ ဗလာဟိုဗစ်နဲ့ ပေးပို့မှုကို လက်ခံရယူပြီးနောက် ပေါ့ဂ်ဘာက အသင်းဖော် ၂ ဦးကို လှလှပပလှည့်စားကာ အံ့မခန်းပေးပို့မှုကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုရုပ်သံဖိုင်ကို ဂျူဗင်တပ်စ်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်က ဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောအကျကြီးကျနေကြပြီဖြစ်ပါတယ်။ 



"ကွင်းလယ်ဗိုလ်ချုပ် ပေါ့ဂ်ဘာ ပြန်လာပြီ" ၊ "ကျွမ်းကျင်မှုတခုပါပဲ" စသဖြင့် ပရိသတ်တွေက ရေးသားချီးကျူးခဲ့ကြပါတယ်။ ပေါ့ဂ်ဘာကတော့ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရသူဖြစ်ပြီး အသင်းအပေါ် သူ ပြုမူခဲ့တဲ့ လုပ်ရပ်တွေအတွက် အကြီးအကျယ်ပြစ်တင်ခံခဲ့ရပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ မုန်းတီးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ 

ယူနိက်တက်က သူ့ကို တပတ်လုပ်ခပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းမှုက မဖြစ်စလောက်အနေအထားလို့ ပြောဆိုခဲ့လို့လည်း ယူနိုက်တက်ပရိသတ်တ​ွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် အခုတော့ ပေါ့ဂ်ဘာက ဂျူဗီမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြစ်နေပြီး လာမယ့်ရာသီသစ်အတွက် ပြင်ဆင်နေပြီဖြစ်ကာ အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ကစားပေးနိုင်ဖို့ အားခဲနေပါတယ်။ 

Share

Loading Next Article...
က္က