ဘန်လေနဲ့ပွဲမှာ မက်တော်မီနေးရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့တာပါ။

ဘန်လေနဲ့ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ပရိသတ်တွေက သူတို့အသင်းရဲ့ တိုက်စစ်မှူးကာဗာနီကို တော်တော်လေးသဘောကျခဲ့ကြပြီး ဥရုဂွေးကစားသမားရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ မက်တော်မီနေးရဲ့ အဖွင့်ဂိုးသွင်းယူနိုင်တဲ့အချိန် ဘန်လေဂိုးပေါက်ရှေ့မှာ အားပါးတရအောင်ပွဲခံခဲ့တဲ့ ကာဗာနီရဲ့ အပြုအမူက ယူနိုက်တက်ပရိသတ်တွေအပေါ် လွှမ်းမိုးသွားခဲ့တာလည်းဖြစ်ပါတယ်။ 

နယူးကာဆယ်နဲ့ပွဲမှာ အသင်းအတွက်ချေပဂိုးသွင်းပေးခဲ့တဲ့ ကာဗာနီဟာ ဘန်လေနဲ့ပွဲမှာတော့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အားစိုက်ထုတ်ကစားပေးခဲ့ပြီး အသင်းနိုင်ပွဲရဖို့အတွက် သူ ဘယ်လောက်ထိ စိတ်အားထက်သန်လဲဆိုတာကို အားလုံးတွေ့အောင် ပြသခဲ့ကာ သူ့ရဲ့အပြုအမူက ပရိသတ်တွေ အသိအမှတ်မပြုဘဲမနေနိုင်အောင် ဖြစ်ခဲ့ပါတယ်။ 

မက်တော်မီနေးဂိုးသွင်းလိုက်ချိန်မှာ ကာဗာနီက သူကိုယ်တိုင်ဂိုးသွင်းလိုက်နိုင်သလိုကို အားပါးတရအောင်ပွဲခံခဲ့ပြီး လက်နှစ်ဖက်ကို လေထဲဝှေ့ယမ်းကာ ဗိုလ်လုပွဲတပွဲမှာ အနိုင်ဂိုးသွင်းလိုက်သလိုမျိုးကိုအောင်ပွဲခဲ့တာဖြစ်ပါတယ်။ ဒီမြင်ကွင်းက တွစ်တာမှာ တော်တော်လေးရေပန်းစားသွားခဲ့ပြီး ဒီကစားသမားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နိုင်ပွဲဆာလောင်မှုက အသင်းမှာ ကစားခွင့်ရဖို့ ထိုက်တန်လွန်းတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ 



ပွဲအပြီးမှာလည်း ကာဗာနီက အသင်းပရိသတ်တွေရှိရာဆီသွားပြီး အချိန်အတန်ကြာနှုတ်ဆက်ခဲ့ပါတယ်။ သူက နှုတ်ခမ်းမှာ လက်ဝါးကပ်ကာ အနမ်းပေးခဲ့တဲ့ပုံစံနဲ့လည်း နှုတ်ဆက်ခဲ့ပြီး ဒါက သူ အိုးထရက်ဖို့ဒ်ကနေ ထွက်တော့မယ့်အရိပ်အယောင်ဖြစ်တယ်လို့လည်း တချို့က ယူဆနေကြပါတယ်။ ဇန်နဝါရီမှာ ကာဗာနီက နှစ်သက်ရာအသင်းနဲ့ ဆွေးနွေးခွင့်ရှိသလို သဘောတူညီမှုရပါက ပြောင်းရွှေ့နိုင်မယ့်သူလည်းဖြစ်ပါတယ်။ 



ဒါပေမယ့် အသင်းအတွက်ကစားပေးတိုင်း စိတ်နှစ်ထည့်ခဲ့သလို နိုင်ပွဲတပွဲ၊ သွင်းဂိုးတဂိုးအတွက် ကိုယ်ရောစိတ်ပါထည့်အောင်ပွဲခံလေ့ရှိတဲ့ သူ့အပြုအမူကြောင့် အသင်းကနေ ထွက်ခွာမယ့်အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေသလို နှမျောနေကြပြီလည်းဖြစ်ပါတယ်။ ပုံမှန်ကစားခွင့်မရပါက အသင်းပြောင်းရွှေ့ဖို့ ကာဗာနီက စဉ်းစားနေပြီး သူ့ကို ဘိုကာဂျူနီယာနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပါတယ်။ 

Share

Loading Next Article...
က္က