လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဂီတာဖေးနဲ့ အယ်လ်မီရီးယားတို့ရဲ့ လာလီဂါပွဲစဉ်မှာ ဂရင်းဝုဒ်က ဂီတာဖေးအတွက် သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂီတာဖေးက အယ်လ်မီရီးယားကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဧည့်သည် အယ်လ်မီရီးယားက ရာမာဇာနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီသွင်းဂိုးကို ဂရင်းဝုဒ်က တော်တော်လေး လှပတဲ့ ကန်ချက်နဲ့ ပြန်လည်ချေပခဲ့ပါတယ်။ ဧရိယာထိပ်မှာ ရရှိလာတဲ့ ဘောလုံးကို ဂရင်းဝုဒ်က ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ဂိုးပေါက်ထဲ ကန်သွင်းခဲ့တာပါ။


ကန်ချက်က တိကျသပ်ရပ်ပြီး ပြင်းထန်ခဲ့တာကြောင့် ပြိုင်ဘက် ဂိုးသမား ဘယ်လိုမှမကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ အဲ့ဒါကြောင့်လည်း ဂီတာဖေးတို့ အဖိုးတန်ချေပဂိုးရရှိခဲ့ပြီး ဒီပွဲကို အနိုင်ရရှိဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

ဂီတာဖေးအတွက် အနိုင်ဂိုးကိုတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း မာရိုယဲယ်က သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ဂီတာဖေးကို ကာလတိုစာချုပ်နဲ့ အငှားသဘောမျိုး လာရောက်ကစားနေတာဖြစ်ပြီး ယူနိုက်တက်ကတော့ သူ့ကို ပြန်ခေါ်ဖို့ ဆန္ဒရှိနေပါတယ်။
ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဂီတာဖေးမှာ ဆက်ရှိနေချင်သလို အသင်းဘက်ကလည်း ဂရင်းဝုဒ်ကို ဆက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။ ဂရင်းဝုဒ်ဟာ တန်ဟက်ခ် အကြိုက် ကစားသမားလို့လည်း သိရှိရပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က