ဒိန်းမတ်အတွက် ကစားပေးရင်း ပြသသွားခဲ့တာပါ။

ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ဖင်လန်ကို အနိုင်ရရှိခဲ့တဲ့ မနေ့ညက ယူရိုခြေစစ်ပွဲအပြီး ဒိန်းမတ်ပရိသတ်တွေကို ပြောဆိုခဲ့တဲ့ သူ့ရဲ့ပုံစံကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ သဘောကျမှုတွေကို ရရှိနေပါတယ်။ ဟော့ဂျ်လန်းက ဒိန်းမတ်အတွက် လူစားဝင်ကစားပေးခဲ့ပြီး ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဒိန်းမတ်တို့ အုပ်စုတွင်းမှာ ၆ ပွဲကစားပြီး ဒုတိယနေရာမှာ ရှိနေခဲ့ကာ ခြေစစ်ပွဲအောင်မြင်ဖို့အတွက် အခြေအနေကောင်းတရပ်ကိုတော့ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ စလိုဗေးနီးယား၊ ဖင်လန်၊ ကာဇက်စတန်တို့နဲ့အပြိုင် ဒိန်းမတ်က နေရာလုနေရပြီး ညက နိုင်ပွဲက ကြီးမားတဲ့ အထောက်အကူအဖြစ်ရှိနေခဲ့ပါတယ်။ 



ပွဲအပြီးမှာ​ ဟော့ဂျ်လန်းက megaphone ကတဆင့် ပရိသတ်တွေကို "ခင်ဗျားတို့အားလုံးရဲ့ အားပေးသံတွေကို ကျနော်ကြားနေရတယ်၊ ဘောလုံးအပေါ်ထားတဲ့ ခင်ဗျားတို့ရဲ့ စိတ်အားထက်သန်မှုပါပဲ၊ ကျနော်တို့အားလုံး သောက်ယူရိုပြိုင်ပွဲဆီကို သွားကြမယ်၊ come on" လို့ အားမာန်အပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။ 

အသက် ၂၀ သာရှိသေးတဲ့ ဟော့ဂျ်လန်းရဲ့ စိတ်အားထက်သန်မှုကို ပရိသတ်တွေက အင်တိုက်အားတိုက်အားပေးခဲ့ကာ ယူနိုက်တက်ပရိသတ်တွေကလည်း သူတို့ တိုက်စစ်မှူးသစ်ရဲ့ စိတ်ဓာတ်ပိုင်း ပြင်းပြမှုအပေါ်မှာ ကျေနပ်အားရနေကြပါတယ်။ 

ဟော့ဂျ်လန်းဟာ ယူနိုက်တက်ကို ဒီရာသီကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံးပွဲအဖြစ် လူစားလဲပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာတော့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကို ကစားသွားရဖို့ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က