ရန်းနစ်ဂ်ကတော့ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဗာနာကို စိတ်ဝင်စားနေတာပါ။

ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်ဂ်ဟာ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘုတ်အဖွဲ့ကို ပြောကြားထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရန်းနစ်ဂ်ဟာ ယာယီနည်းပြအဖြစ် (၆) လသာ တာဝန်ယူမှာဖြစ်ပေမယ့် အဲ့ဒီနောက်ပိုင်း အသင်းရဲ့ အတိုင်ပင်ခံရာထူးကို နောက်ထပ် (၂) နှစ်ကြာ ဆက်လက်တာဝန်ယူသွားဦးမှာပါ။



အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်ဟာ နည်းစနစ်ပိုင်းအရ ထူးချွန်ထက်မြက်တဲ့ ဆရာတဆူအဖြစ် လူသိများပြီး လိုက်ပ်ဇစ်ကို သူကိုင်တွယ်ခဲ့တုန်းကလည်း ဗာနာနဲ့ လက်တွဲခဲ့ဖူးတာကြောင့် ဗာနာက ရန်းနစ်ဂ် ဘာလိုချင်လဲဆိုတာကို ကောင်းကောင်းသိထားပြီးဖြစ်ပါတယ်။

ဂျာမန်တိုက်စစ်မှူး ဗာနာဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ကစားသမားပါ။ ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ဗာနာကို ခေါ်ယူနိုင်ခြေအတွက် အသင်းဘုတ်အဖွဲ့ကို ချဲလ်ဆီးနဲ့ ဆွေးနွေးခိုင်းထားတယ်လို့ Sport Bild က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးက ဗာနာကို လက်လွှတ်လိုသည့်တိုင် လာမယ့်ဆောင်းရာသီမှာတော့ လက်လွှတ်ခံဖွယ်မရှိဘဲ လာမယ့်နွေရာသီမှသာ လက်လွှတ်ခံဖွယ်ရှိပါတယ်။

ယူနိုက်တက်တိုက်စစ်ပိုင်းက မာစီရယ်လ်၊ ကာဗာနီတို့ နွေရာသီမှာ အသင်းကထွက်ခွာမယ်လို့ ယူဆထားပြီး လင်ဂတ်ကလည်း လာမယ့်ဆောင်းရာသီမှာတင် အသင်းပြောင်းဖွယ်ရှိနေပါတယ်။

ရန်းနစ်ဂ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းကို ရောက်ရှိနေပြီး မနက်ဖြန်ညမှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲကိုလည်း ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုသွားလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။  

Share

Loading Next Article...
က္က