ရော်နယ်ဒို မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ဖွင့်လှစ်ပြီး လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့် အသင်းကစားသမားတွေထဲမှာ ရော်နယ်ဒိုမပါဝင်ခဲ့ဘူးလို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဗန်ဒီဘိခ်၊ ပေါ့ဂ်ဘာ၊ ဒါလော့၊ ဆန်ချို၊ ဖီးလ်ဂျုံးစ်၊ တွမ်ဟီတန် နဲ့ ဒင်းဟန်ဒါဆန်တို့လည်း မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ 

ဒီအတွက်ကြောင့် ကိုဗစ်ကူးစက်ခံရသူတွေထဲမှာ အဆိုပါကစားသမားတွေ ပါဝင်နေမလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ အိုးထရက်ဖို့ဒ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုကတော့ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းပြန်ဆင်းမှုဟာ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အသင်းပရိသတ်တွေကို တုန်လှုပ်စေခဲ့တယ်လို့ ပြောကြားခဲ့ကြောင်းလည်း The Sun က ဖော်ပြခဲ့ပါတယ်။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားကတော့ သူ့ရဲ့လူမှုကွန်ယက် History မှာ အသင်းလေ့ကျင့်ကွင်းဓာတ်ပုံကို ဖော်ပြခဲ့ပြီး ပြန်လည်လေ့ကျင့်ခွင့်ရတဲ့အပေါ် ပျော်ရွှင်နေတယ်လို့ အရိပ်အမြွက်ပြသခဲ့ပါတယ်။ ရန်းဂ်နစ်ခ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲအထိကို ရွှေ့ဆိုင်းခဲ့ရပြီး အသင်းတွင်းမှာ ကိုဗစ်ကူးစက်မှုတွေ တော်တော်လေးဖြစ်နေခဲ့ဟန်ရှိပါတယ်။ 

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်ကစားသမားဘ၀မှာ ကိုဗစ်ကူးစက်ခံရဖူးသူဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အနားယူခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာလည်း သူ ပါဝင်လား၊ မပါဝင်လားဆိုတာ သေချာတိတိကျကျမသိရသေးဘဲ ကစားသမားအနည်းငယ်နဲ့သာ ကာရင်တန်မှာ လေ့ကျင့်ခဲ့ရတယ်လို့လည်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ယူနိုက်တက်ကတော့ နည်းပြသစ်ရန်းဂ်နစ်ခ်လက်ထက်မှာ ၂ပွဲစလုံးအနိုင်ရထားပြီး ပေးဂိုးမရှိစံချိန်ကို ရရှိထားခဲ့ပါတယ်။ ရော်နယ်ဒိုက အသင်းရဲ့အဓိကဂိုးသွင်းစက်ဖြစ်ပြီး သူ မကစားနိုင်ပါက အသင်းတိုက်စစ်ပိုင်းအတွက် အနည်းငယ်အခက်တွေ့လာဖွယ်ရာရှိနေပါတယ်။ 

Share

က္က