လက်ရှိအချိန်ထိ အေဂျက်ဇ်က ငြင်းဆန်နေတာပါ။

မန်ချက်စတာယူနိုက်တက်က ခေါ်ယူကမ်းလှမ်းနေပေမယ့်လည်း အေဂျက်ဇ်ဘက်က ပယ်ချခဲ့လို့ အသင်းပြောင်းဖို့ရာ နှောင့်နှေးနေတဲ့အပေါ်မှာ ဘရာဇီးလ်တောင်ပံကစားသမားအန်တိုနီက ပြစ်တင်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အေဂျက်ဇ်ဟာ ယူနိုက်တက်ရဲ့ ယူရိုသန်း ၉၀ တန် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့တယ်လို့သိရပြီး စျေးနှုန်းတိုးမြှင့်ပေးမှုကိုလည်း စိတ်မဝင်စားဘူးလို့ အေဂျက်ဇ်ဘက်က တုံ့ပြန်ပြလိုက်တာလည်းဖြစ်ပါတယ်။ 

အန်တိုနီဟာ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး နာမည်အကျော်ကြားဆုံးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနဲ့ အင်တာဗျူးလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအင်တာဗျူးမှာ သူ့ကိုထွက်ခွာခွင့်မပ​ေးတဲ့ အေဂျက်ဇ်ကို အန်တိုနီက အပြစ်တင်ပြောဆိုမှုတ​ွေ ပါဝင်ခဲ့ပြီး ယူနိုက်တက်ကို သူ ပြောင်းရွှေ့ဖို့အသင့်ဖြစ်နေပေမယ့် အသင်းဘက်က ထွက်ခွင့်မပေးဘူးဆိုတဲ့ သဘောကိုဆောင်နေခဲ့ပါတယ်။ 

"ဒီနှစ် ဖေဖော်ဝါရီမှကတည်းက ကျနော့်အေးဂျင့်တွေ အမ်ဒစတာဒမ်ကို ရောက်လာပြီး ကျနော် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်လို့ အသင်းကထွက်ချင်တဲ့ဆိုတဲ့အကြောင်းကို သတင်းပို့ခဲ့ကြပါတယ်၊ ကလပ်အသင်းတချို့က ကျနော့်ကိုစိတ်ဝင်စားနေခဲ့ပြီးတော့ ကမ်းလှမ်းမှုတွေလည်းရောက်လာခဲ့ပါတယ်၊ ကြီးကျယ်ခမ်းနားတဲ့ကမ်းလှမ်းမှုတခုလည်း သေချာပေါက်ပါဝင်ပါတယ်"

"ဇွန်လမှာတော့ ကျနော့်အားလပ်ရက်ခရီးစဉ်ကိုဖျက်သိမ်းပြီး အေဂျက်ဇ်မန်နေဂျာတွေ၊ နည်းပြသစ်တွေနဲ့တွေ့ဆုံပြီး ကျနော်ထွက်ချင်တယ်ဆိုတာကို ပြောခဲ့တယ်၊ သူတို့က ဖြစ်နိုင်သမျှစဉ်းစားပေးမယ်လို့ပြောတယ်၊ စျေးကွက်ထဲမှာလည်း ဆွေးနွေးမှုတွေဆက်လုပ်နေရပြီး အေဂျက်ဇ်က စာချုပ်သစ်အတွက် ကျနော့်ကိုကမ်းလှမ်းလာတယ်၊ ကျနော်ထွက်ချင်တယ်ဆိုတာကိုပဲ နောက်တခါထပ်ပြောခဲ့ပါတယ်"

"ဒီနေ့မှာ အသင်းနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊ အရင်တုန်းကလည်း ကျနော်ထွက်ခွာချင်တာတွေကို ပြသခဲ့ဖူးပါတယ်၊ ဒီတကြိမ်တည်းမှာပဲ စားပွဲပေါ်က ကမ်းလှမ်းမှုတခုကို ကျနော်စိတ်ဝင်စားခဲ့တာပါ၊ တခြားကမ်းလှမ်းထားတာတွေလည်း ရှိနေပါတယ်၊ အေဂျက်ဇ်ကတော့ ကျနော့်နေရာအစားထိုးဖို့ ၅ ရက်ပဲလိုတော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့ပါတယ်' လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က