ပြောင်းရွှေ့ကြေးကို​ ပေါင်သန်း ၇၀ အထိ သတ်မှတ်လိုက်တာပါ။

အပြောင်းအရွှေ့စျေးကွက်ထဲမှာ​ ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ကစားသမားဝယ်ဖို့အတွက် အရမ်းဗိုက်နာနေပြီဖြစ်တဲ့ ယူနိုက်တက်ဆီကနေ အေဂျက်ဇ်က မြိုးမြိုးမြက်မြက်ရအောင် လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ တောင်ပံကစားသမားအန်တိုနီတို့ကို ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၁၁၅ သန်းအထိ ပေးရမယ်လို့ သတ်မှတ်လိုက်တာပါ။ 

အာဆင်နယ်ကလည်း အာဂျင်တီးနားနောက်ခံလူမာတီနက်ဇ်ကို စိတ်ဝင်စားနေပြီး ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဟော်လန်ထိပ်သီးအသင်းက မာတီနက်ဇ်ရဲ့ တန်ဖိုးကို ပေါင် ၄၅ သန်းသတ်မှတ်ထားပြီး အန်တိုနီအတွက်တော့ ပေါင်သန်း ၇၀ အထိ သတ်မှတ်ထားခဲ့ပါတယ်။ 

အသက် ၂၂ နှစ်အရွယ် အန်တိုနီကတော့ ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်ရဲ့ အဓိကပစ်မှတ်တွေထဲက တဦးဖြစ်ပြီး ဒါဝင်နူနက်ဇ်ကို လက်လွှတ်ခဲ့ရပြီးနောက် ဘရာဇီးလ်ကို အာရုံစိုက်လာခဲ့တာပါ။ ဒါပေမယ့် အေဂျက်ဇ်က သူတို့အနေနဲ့ ဘဏ္ဍာရေးအရတောင့်တင်းနေတယ်လို့ ယုံကြည်ထားပြီး သူတို့သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်းမဟုတ်ရင် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချသွားမယ်လို့ ဆိုပါတယ်။ 

ယူနိုက်တက်က သူတို့အသင်းကို မဖြစ်မနေအင်အားဖြည့်ရမယ်ဆိုတာကိုလည်း အေဂျက်ဇ်က သိထားပြီး အဆိုပါအချက်ကို အခွင့်ကောင်းယူကာ သူတို့ကစားသမားတွေအတွက် ကြီးမားတဲ့တန်ဖိုးကို သတ်မှတ်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ ယူနိုက်တက်ဟာ ဒီဂျောင်အတွက်လည်း ကြိုးစားနေရဆဲဖြစ်ပြီး ပေါင် ၅၅ သန်း၊ ဆုကြေးတွေပါဝင်ပါက ပေါင် ၆၉ သန်းအထိဖြစ်လာမယ့် ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က