ဘက်ခမ်းနဲ့ကာတာတို့အကြား အဆက်အသွယ်ရှိနေတာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဟာ ကာတာစော်ဘွားတွေသာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းထံ ပြန်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ဘက်ခမ်းက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူပါ။



ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းကို အရောင်းစာရင်းတင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ယူနိုက်တက်ရဲ့ အရောင်းအဝယ်ကိစ္စက မဖြစ်ပေါ်လာခဲ့ပါဘူး။ ယူနိုက်တက်ကို ဝယ်ယူဖို့ ကာတာစော်ဘွား​ရှိတ်ခ်ဂျာဆင်း၊ ဗြိတိန်ဘီလျံနာ ဆာဂျင်မ်မီ ရက်ကလစ်ဖ်တို့က အပြိုင်ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ဂလေဇာတို့ဘက်က အသင်းရဲ့တန်ကြေးကို အမြင့်ဆုံးအထိ ဆွဲတင်ခဲ့တာကြောင့် အခုလိုပဲ​ယူနိုက်တက်တို့ ပိုင်ရှင်ဟောင်းလက်ထဲမှာသာ ရှိနေတာပါ။ ဒါပေမယ့် ဂလေဇာတို့ ယူနိုက်တက်ကို ရောင်းချသွားဖို့ စီစဉ်ထားဆဲဖြစ်ပြီး ကာတာတွေလက်ထဲ ရောက်သွားနိုင်ခြေရှိပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဘက်ခမ်းဟာ ကာတာစော်ဘွားတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိနေပြီး ရှိတ်ခ်ဂျာဆင်းတို့သာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့ရင် အသင်းရဲ့ နိုင်ငံတကာသံတမန်ရာထူးအဖြစ် ကမ်းလှမ်းခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။
ဘက်ခမ်းကိုယ်တိုင်ကလည်း ယူနိုက်တက်ပိုင်ရှင်သစ်အဖြစ် ကာတာအုပ်စုကို ရည်ရွယ်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်သာ ကာတာလက်ထဲ ရောက်သွားခဲ့မယ်ဆိုရင် ဘက်ခမ်းကို အသင်းရဲ့ နိုင်ငံတကာသံတမန်အဖြစ်နဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။  

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က