ပထမဆုံးပွဲ ၃ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့သူဖြစ်လာခဲ့တာပါ။

အဲဗာတန်နဲ့ပွဲမှာ သွင်းဂိုးတဂိုးထပ်သွင်းယူနိုင်ခဲ့ပြီးနောက် အန်တိုနီကတော့ စံချိန်သစ်တခုကို ရယူသွားနိုင်ခဲ့ပါတယ်။ အန်တိုနီက ယူနိုက်တက်အတွက် သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ် ၃ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါက ယူနိုက်တက်အသင်းသမိုင်းမှာ ပထမဆုံး လိဂ်ပွဲဦးထွက် ပွဲ ၃ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့တာပါ။ သူ့အရင်မှာ ဇလာတန်က ပွဲဦးထွက် ၂ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်ထားတာပါ။

အာဆင်နယ်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာလည်း လှပတဲ့သွင်းဂိုးတွေကို ရယူခဲ့တဲ့ အန်တိုနီက ညက အဲဗာတန်နဲ့ပွဲမှာလည်း သူ သွင်းယူနေကျပုံစံအတိုင်းနဲ့ပဲ ဂိုးတွေရခဲ့ပါတယ်။ မာရှယ်ရဲ့ ဖန်တီးပေးမှုကနေ ဘောလုံးရသွားချိန်မှာ အန်တိုနီက ဆွဲယူပြေးသွားခဲ့ပြီး ပစ်ဖို့ဒ်နဲ့အတွေ့မှာ ဘယ်ခြေနဲ့ပဲ အဝေးတိုင်ထောင့်ကို အသာလေး မ သွင်းသွားခဲ့တာပါ။ အာဆင်နယ်နဲ့ပွဲမှာ ရမ့်ဒေးလ်ကို သွင်းယူခဲ့ပုံနဲ့ တော်တော်လေးတူခဲ့ပါတယ်။ 

အန်တိုနီကို အေဂျက်ဇ်ကနေ ပေါင်သန်း ၁၀၀ နဲ့ ယူနိုက်တက်က ခေါ်ယူခဲ့ရတာဖြစ်ပြီး တန်ဟက်ဂျ်က သူ့တပည့်ဟောင်းကို ပွဲတိုင်းထည့်သွင်းအသုံးပြုနေတာဖြစ်ပါတယ်။ အန်တိုနီကလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်ဂိုးရအောင်သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက်ညာတောင်ပံမှာ ဘယ်ခြေကစားသမားတဦး လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ 

ညကပွဲမှာ အဲဗာတန်က အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အန်တိုနီက ချေပဂိုးသွင်းယူခဲ့ပါတယ်။ ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ လူစားဝင်လာတဲ့ ရော်နယ်ဒိုက ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာပါ။ မာရှယ် ဒဏ်ရာရသွားလို့ ရော်နယ်ဒို ဝင်ရောက်လာခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ဘယ်တောင်ပံတလျှောက် ဆွဲယူပြေးသွားပြီး ဧရိယာထဲမှာ ဘယ်ခြေနဲ့အပိုင်ပိတ်သွင်းခဲ့တာပါ။ 

မန်စီးတီးကို အရှက်ရဖွယ်အရေးနိမ့်အပြီးမှာ ယူနိုက်တက်တို့ နိုင်ပွဲပြန်ရအောင်ယူနိုင်ခဲ့လို့လည်း တန်ဟက်ဂျ်အတွက် ဒါက ဖိအားတွေလျော့သွားခဲ့ပြီလို့ ဆိုရပါမယ်။ 

Share

Loading Next Article...
က္က