ယူနိုက်တက်နဲ့ပတ်သက်လို့ မော်ရင်ဟိုက ဖွင့်ဟခဲ့တာပါ။

ယူနိုက်တက်နည်းပြဟောင်း၊ လက်ရှိ ရိုးမားနည်းပြ မော်ရင်ဟိုက သူပြောခဲ့ဖူးတဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေ အသင်းမှာရှိနေဆဲဖြစ်တာကြောင့် ယူနိုက်တက်တို့ အောင်မြင်နိုင်ဦးမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်မှာ ပြဿနာတက်ပြီး အထုတ်ခံခဲ့ရတာပါ။



မော်ရင်ဟိုဟာ ကစားသမားတွေအားလုံးနီးပါးနဲ့ ပြဿနာတက်ခဲ့ပြီးနောက် ရာထူးက အထုတ်ပယ်ခံခဲ့ရကာ သူ့နေရာမှာ ယူနိုက်တက် ကစားသမားဟောင်း ဆိုးလ်ရှားက အစားထိုး တာဝန်ယူခဲ့ပါတယ်။ မော်ရင်ဟိုက ပေါ့ဘာအပါအဝင် ယူနိုက်တက် ကစားသမားအချို့နဲ့ ပြဿနာအကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းမှာ ရှိတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေက လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိကြောင်း ပြောခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း မော်ရင်ဟိုက “အဲ့ဒီလူတွေက ယူနိုက်တက်အသင်းမှာ ရှိနေဆဲပါပဲ”
“တချို့က ကစားသမားတွေ၊ တချို့ကတော့ ကစားသမားမဟုတ်တဲ့ ဝန်ထမ်းတွေပါ။ ကျွန်တော် အသင်းကို ရောက်ပြီး (၂) လ အကြာမှာ ဒီလူတွေနဲ့ အသင်းက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူတို့က အခုချိန်အထိ ယူနိုက်တက်မှာ​ရှိနေဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြဘဝမှာ ယူရိုပါလိဂ် ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာ ရရှိခဲ့တဲ့ အဆိုပါ ဆုဖလားဟာ ယူနိုက်တက်တို့ လက်ရှိအချိန်အထိ နောက်ဆုံးရရှိထားတဲ့ ဥရောပဖလားအဖြစ် ရှိနေခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က