ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကျန်မှာတော့ ယူနိုက်တက်တို့ ချဲလ်ဆီးကို ၄-၁ ဂိုးနဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ လက်ကျန်တစ်ပွဲ ကစားဖို့ ရှိနေချိန်မှာပဲ အဆင့် (၅) နေရာက လီဗာပူးကို စိုးရိမ်စရာ မလိုတော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။



ယူနိုက်တက်ကတော့ ဒီပွဲမှာ လူစုံတက်စုံပါဝင်ခဲ့ပြီး ဒီဂီယာ၊ ဝမ်ဘစ်ဆာကာ၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ကက်စ်မဲရိုး၊ အဲရစ်ဆင်၊ အန်တိုနီ၊ ဘရူနိုဖာနန်ဒက်စ်၊ မာရှယ်လ်၊ ဆန်ချိုတို့ပွဲထွက်ခဲ့ပါတယ်။ ပထမပိုင်း နာရီဝက်မပြည့်ခင်မှာတင် အန်တိုနီကို ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။

ချဲလ်ဆီးမှာတော့ ကီပါ၊ အက်ဇ်ပီလီကွီတာ၊ ဖိုဖာနာ၊ ချာလိုဘာ့ဂ်၊ လူးဝစ်ဟော၊ ချူကွာမီကာ၊ အန်ဇိုဖာနန်ဒက်ဇ်၊ ဂယ်လာဂါ၊ မာဒူကီ၊ ဟာဗက်ဇ်၊ မူဒရစ်တို့ ပွဲထွက်ကစားခဲ့ပါတယ်။ ချဲလ်ဆီးတို့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သာသယောင်ရှိခဲ့ပေမယ့် အခွင့်အရေး ဖန်တီးနိုင်စွမ်း၊ အသုံးချနိုင်စွမ်းတို့ကတော့ အများကြီး အားနည်းခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပွဲစပြီး (၆) မိနစ်ကတည်းက ကက်စ်မဲရိုး သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာတင် မာရှယ်လ်က ဒုတိယဂိုးသွင်းပေးခဲ့တာကြောင့် ယူနိုက်တက်တို့ ဖိအားလျော့ခဲ့ရပြီး ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီ၊ လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ်တို့က ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တစ်ဂိုးကိုတော့ ယာအိုဖီးလစ်က သွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ဒီပွဲရလဒ်ကြောင့် လက်ကျန်တစ်ပွဲ ရှိနေချိန်မှာ အဆင့် (၅) နေရာက လီဗာပူးကို (၆) မှတ် ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကိုလည်း ကျော်တက်ကာ အဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရာသီပိတ်ပွဲမှာ အမှားအယွင်းမရှိခဲ့ရင်တော့ တန်ဟက်ခ်အတွက် မဆိုးလှတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ 

Share

Loading Next Article...
က္က