ယူနိုက်တက် ဂန္တဝင်ဟောင်းရွန်းနီက အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကိုတော့ မရောင်းထုတ်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်ပြောင်းလဲဖို့ သတင်းထွက်နေတာပါ။
အသင်းမှာရှိတဲ့ စီနီယာကစားသမား အများစုကို ရောင်းထုတ်သွားဖို့ရှိနေပြီး ဒီအထဲမှာ လက်ရှိအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်နေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အသင်းကသာ အလိုမရှိရင် ထွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါပေမယ့် ရွန်းနီကတော့ “ခင်ဗျားအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို တည်ပြီး အသင်းကို တည်ဆောက်သင့်တာပါ။ သူက တိုက်ပွဲဝင်နိုင်တဲ့ အရည်အချင်းရှိပြီး ကျန်တဲ့ ကစားသမားအားလုံးကိုတော့ ရှင်းထုတ်သင့်တယ်လို့ ထင်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကလည်း ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့ အရည်အချင်းရှိတာကို အားလုံးသိပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့ ဒါကို မမြင်ခဲ့ရပါဘူး။ အခုချိန်က ရပ်ရှ်ဖို့ဒ် အသင်းကနေ ထွက်ပြီး အခြားအသင်း သွားကစားရမှာကို အံ့အားသင့်မိပါတယ်။ သူ့အနေနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ရမှာပါ။ ကျွန်တော်ကတော့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပြီး စံချိန်မှတ်တမ်းတွေကို ရိုက်ချိုးစေချင်ပါတယ်”
“ရပ်ရှ်ဖို့ဒ်အနေနဲ့ အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက် ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နေပြီး ဂါနာချို၊ မိုင်နူး၊ ဟွိုက်လန်းတို့ကတော့ အသင်းမှာ သေချာပေါက် ဆက်ရှိနေမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။