စုစုပေါင်းကာကွယ်မှု ၁၁ ကြိမ်အထိ လုပ်သွားခဲ့တာပါ။

အိုမိုနီးယားအသင်းရဲ့ နိုင်ဂျီရီယားလက်ရွေးစင်ဂိုးသမား ဖရန်စစ်အူဇိုဟိုက မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲမှာ ထူးရှယ်လက်စွမ်းပြသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ အူဇိုဟိုက ယူနိုက်တက်ရဲ့ ဂိုးကန်သွင်းချက်တွေထဲက စုစုပေါင်း ၁၁ ကြိမ်အထိကို ကာကွယ်သွားခဲ့ပြီး တပွဲလုံးမှာ ရော်နယ်ဒိုတို့တသိုက်ကို စိတ်ဆင်းရဲမှုတွေ ပေးသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ယူနိုက်တက်က ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အူဇိုဟိုကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ သွင်းဂိုးစုစုပေါင်း ၃.၈ ဂိုးလောက်အထိ ရရှိနိုင်မယ့် ဂိုးကန်သွင်းခွင့်တွေကို ပြုလုပ်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားရဲ့ လက်စွမ်းကို မကျော်လွှားနိုင်ခဲ့ဘဲ ပွဲချိန်နောက်ဆုံးမိနစ်မှာမှ မက်တော်မီနေးသွင်းယူခဲ့တဲ့ ဂိုးကြောင့် အသက်ရှူချောင်ခဲ့ရပါတယ်။ 

အူဇိုဟိုကို ပွဲအပြီးမှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က တွေ့ဆုံခဲ့ပြီး ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဂိုးသမား ဒီဂီယာကလည်း တွေ့ဆုံခဲ့ကာ သူ့ရဲ့လက်အိတ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ ယူဆရပါတယ်။ အူဇိုဟိုကတော့ ဒီဂီယာနဲ့ တွေ့ချိန်မှာ​ တော်တော်လေးကျေနပ်ပျော်ရွှင်နေပုံရပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ စကားတွေပြောဆိုနေခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် ရီးရဲလ်ဆိုဆီဒက်နဲ့အတူ ယူရိုပါလိဂ်နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အိုမိုနီးယားနဲ့ ရှာရစ်တို့ကတော့ အုပ်စုကနေ လှည့်ပြန်ရတော့မှာပါ။ ဒါပေမယ့် အူဇိုဟိုကတော့ မနေ့ညကပွဲစဉ်က ပြသခဲ့တဲ့ လက်စွမ်းကြောင့် နေ့ချင်းညချင်းပဲ ထင်ရှားလာခဲ့ပြီဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ကစားခွင့်ရတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ 

Share

Loading Next Article...
က္က