ယူနိုက်တက်က ဆုဖလားသုံးလုံးကို အကယ်ဒမီထွက်တွေနဲ့ရယူခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းကြီး ‌ဒေးဗစ်ဘက်ခမ်းက ယူနိုက်တက်ရဲ့ (၁၉၉၉) ခုနှစ် ဆုဖလားသုံးလုံး ပိုင်ရှင်အသင်းက လက်ရှိ မန်စီးတီးထက် ပိုမိုကောင်းမွန်နေဆဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ စနေနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။



ဒီပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးက ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး အင်တာမီလန်ကိုသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ရင် ဒီရာသီရဲ့ တတိယမြောက် ဆုဖလားကို ရရှိတော့မှာပါ။ ဒီလိုသာဖြစ်ခဲ့ရင် ယူနိုက်တက်နောက်ပိုင်း ဥရောပဖလားအပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံး ဆွတ်ခူးနိုင်တဲ့ အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ဒေးဗစ်ဘက်ခမ်းက “ကျွန်တော်တို့မှာ ကိုယ်ပိုင်အမြင်တွေ ရှိကြမှာ အသေအချာပဲပေါ့။ တကယ်လို့များ မန်စီးတီးသာ ဆုဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် သူတို့အတွက် တကယ်ကို ထူးခြားခမ်းနားတဲ့ အောင်မြင်မှုပါပဲ။ ဒါပေမယ့်လည်း ဒီလိုမျိုး တစ်ရာသီအတွက် ဖလားသုံးလုံးကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းက ကျွန်တော်တို့ တစ်သင်းတည်းပဲရှိပါတယ်”

“ကျွန်တော်တို့က အကယ်ဒမီထွက် ကစားသမားတွေ၊ ဒီအသင်းအတွက် အသက်ရှင်ခဲ့တဲ့ ကစားသမားတွေနဲ့အတူ ဒါမျိုး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒါမျိုးကိုတော့ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘက်ခမ်းဟာ မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုလည်း ဝင်ဘလေကွင်းထဲအထိ လာရောက်ကြည့်ရှုခဲ့သူပါ။

ဒါပေမယ့် သူ့ရဲ့အခုပြောစကားကတော့ ပရိသတ်တွေအတွက် ဝေဖန်စရာဖြစ်နေပြီး ဘက်ခမ်းတစ်ယောက် ယူနိုက်တက်တို့ မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့အပေါ် တော်တော်လေး ခါးခါးသီးသီး ဖြစ်နေကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုးဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က