ရော်နယ်ဒိုကပဲ ဒီဆုတွေကို ဆွတ်ခူးခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့မတ်အတွက် ယူနိုက်တက်ရဲ့ တလတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုအတွက် ရော်နယ်ဒိုက ဆန်ချို၊ ဖရက်ဒ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ မတ်အတွင်းမှာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပေါင်းမှ (၃) ပွဲသာ ကစားခဲ့ရတာပါ။



ဒီ (၃) ပွဲမှာ ယူနိုက်တက်တို့ တပွဲသာ အနိုင်ရရှိခဲ့ပြီး အက်သလက်တီကို,ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ပွဲနဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီအဝေးကွင်း ဂိုးပြတ်ရှုံးပွဲတို့သာရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့တပွဲက စပါးနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲဖြစ်ပြီး အဲ့ဒီပွဲမှာ ယူနိုက်တက်တို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ယူနိုက်တက်အတွက် သုံးဂိုးလုံးကို ရော်နယ်ဒိုကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ ပထမဆုံးဂိုးကလည်း ယူနိုက်တက်ရဲ့ တလတာအကောင်းဆုံး သွင်းဂိုးဆုကို ရရှိခဲ့ပါတယ်။ ဖရက်ဒ် လှလှပပခင်းပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက ဧရိယာအပြင်ကနေ ဒုံးကျည်ကန်ချက်နဲ့ အပြင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ပရီးမီးယားလိဂ်ရဲ့ မတ် တလတာအကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်သွင်းဂိုး (၈) ဂိုးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုက ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဥ်တွေအတွက် ပေါ်တူဂီလက်ရွေးစင်နဲ့ ပူးပေါင်းလျက်ရှိပါတယ်။

မတ် တတိယပတ်နဲ့နောက်ဆုံးရက်သတ္တပတ်မှာ အက်ဖ်အေဖလားပွဲစဥ်တွေ၊ နိုင်ငံတကာပွဲစဥ်တွေရှိခဲ့တာကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် (၂) ပွဲနဲ့ ချန်ပီယံလိဂ် (၁) ပွဲသာ ကစားခဲ့ရတာပါ။ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း စောစောစီးစီး ထွက်ခွာခဲ့ရတာကြောင့်  မတ် (၁၅) အက်သလက်တီကိုနဲ့ပွဲပြီးတည်းက အနားရနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က