လျင်မြန်တဲ့ ကစားသမားအချို့ရှိတယ်လို့ ဟယ်ရီကိန်းက သုံးသပ်ထားပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ယူနိုက်တက်မှာ လျင်မြန်တဲ့ ကစားသမားတွေရှိနေတာကြောင့် သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကို စိုးရိမ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ပတ်သက်လို့ အထင်သေးခြင်းမရှိကြောင်းလည်း ပြောကြားထားပါတယ်။



လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်ရဲ့ အနေအထားက ယူနိုက်တက်ထက် ခေါင်းတစ်လုံးသာတဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။ ဒီနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်က ယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ယူသွားမယ်လို့လည်း အားလုံးက အခိုင်အမာ သုံးသပ်ထားပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းကတော့ “ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အကောင်းဆုံးအချိန်ဆိုတာကို မသိပါဘူး။ အသင်းကြီးတစ်သင်းက ခက်ခဲတဲ့အချိန်ကို ရောက်နေရင် ကြီးမားတဲ့ တုံ့ပြန်မှုရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကိုယ့်ပရိသတ်ရှေ့မှာတင် ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်မယ့် အားသာချက်ရှိနေပါတယ်။ ပွဲကို အကောင်းဆုံးစတင်နိုင်ဖို့၊ ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ အရေးကြီးပါတယ်”

“ယူနိုက်တက်မှာက တကယ်ကို လျင်မြန်တဲ့ ကစားသမားအချို့ရှိပြီး သူတို့ရဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ခြိမ်းခြောက်မှုတွေရှိနေပါတယ်။ ဒီအတွက် ကျွန်တော်တို့ စိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို လွှမ်းမိုးထိန်းချုပ်လိုပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ သူတို့ရဲ့ ခံစစ်ကို ချိုးဖောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကို မပြောင်းရွှေ့ခင်က ယူနိုက်တက်နဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီသတင်းတွေကို ကြားသိကြောင်းလည်း ဟယ်ရီကိန်းက ဆိုခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကသာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က