ပရီးမီးယားလိဂ်ရဲ့ အရပ်အပုဆုံးဗဟိုနောက်ခံလူ မာတီနက်ဇ်ကို ပစ်မှတ်ထားခဲ့တာပါ။

ယူနိုက်တက်ကို အံ့အားသင့်ဖွယ်ရာအဖြစ် ပထမပိုင်းမှာပဲ ၄ ဂိုးသွင်းပြီး အနိုင်ကစားနိုင်ခဲ့ရာမှာ လီဆန်ဒရိုမာတီနက်ဇ်ကို ပစ်မှတ်ထားကစားခဲ့တယ်လို့ ဘရန့်ဖို့ဒ်နည်းပြသောမတ်ဖရန့်က ဝန်ခံပြောဆိုလိုက်ပါတယ်။ မာတီနက်ဇ်ဟာ အရပ် ၅ ပေနဲ့ ၉ လက်မသာရှိပြီး ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံးဗဟိုခံစစ်မှူးဖြစ်ကာ အဆိုပါအားနည်းချက်ကို ပစ်မှတ်အဖြစ်နဲ့အသုံးချကာ ဘရန်ဖို့ဒ်က ကစားခဲ့တာဖြစ်ပါတယ်။ 

အေဂျက်ဇ်ကနေ ပေါင် ၅၆.၇ သန်းရဲ့ ယူနိုက်တက်ကိုရာက်လာတဲ့ မာတီနက်ဇ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းခဲ့ပြီး အခ်ကတွေ့ခဲ့ရကာ ဘန်မီးရဲ့ တတိမြောက်ဂိုးက သူ့ရဲ့အရပ်အမောင်းအားနည်းချက်ကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာလည်း ခြေစွမ်းမပြနိုင်ဖို့ ဝေဖန်ခံခဲ့ရတဲ့ မာတီနက်ဇ်က အခုဆိုရင် ပိုမိုဝေဖန်ဖို့ဖြစ်လာခဲ့ပြိး ပြိုင်ဘက်တိုင်းက သူ့ကိုပစ်မှတ်ထားလာတော့မှာလည်းဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ကို ပစ်မှတ်ထားခဲ့တဲ့အကြောင်းကို ဖရန့်က "second ball တွေမှာ ကျနော်တို့အသာရနိုင်မယ်ဆိုတာ သိခဲ့ပါတယ်၊ သူတို့ကို ဘရိုက်တန်ရင်ဆိုင်ခဲ့ပုံကိုလည်း ကျနော်တို့ကြည့်ခဲ့တယ်၊ ဘရိုက်တန်ကစားချင်ခဲ့တဲ့ပုံစံက ကျနော်တို့ကစားချင်တဲ့ ပုံစံမျိုးပါပဲ၊ သူတို့က ဂိုးသမားကနေစပြီးတော့ build အမြဲလုပ်တဲ့အသင်းပါ၊ ဒါပေမယ့် ယူနိုက်တက်နဲ့ပွဲမှာ အမြင့်ဘောတွေပဲ ကစားခဲ့တာကို ကျနော်တို့ တွေ့ခဲ့ပါတယ်"

"ဒါကို လက်နက်အဖြစ်အသုံးချဖို့လည်း ကျနော်တို့သိထားပါတယ်။ အဲဒီအတိုင်းလည်း လုပ်နိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပွဲအစီအစဉ်တင်ဆက်သူ ဂျင်မီရက်နပ်ကလည်း ပရီးမီးယားလိဂ်မှာ မာတီနက်ဇ်ကစားနိုင်ဖို့ မလွယ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အရပ်အပုဆုံးဗဟိုခံစစ်မှူးဖြစ်ပြီး ၅ပေနဲ့ ၉ လက်မသာရှိတာဖြစ်ပါတယ်။ 

"၅ ပေ ၉ လက်မ ကစားသမားကို စာချုပ်ချုပ်ရင်တော့ ဒီလိဂ်မှာ သူ ကစားနိုင်မှာမဟုတ်ဘူး၊ ဒတ်ချ်လိဂ်မှာ သူ အဆင်ပြေနိုင်ပါတယ်၊ အဲဒီမှာ ရုပ်ပိုင်းဆိုင်ရာအားပြိုင်မှုနည်းပါးပါတယ်၊ ဒါပေမယ့် ဒီမှာ အပတ်တိုင်းကစားတဲ့အချိန်မှာတော့ အသင်းတိုင်းက ဒီနေ့မှာ ဘရန်ဖို့ဒ်လုပ်သွားခဲ့သလို၊ ပြီးခဲ့တဲ့တပတ်က ဘရိုက်တန်လုပ်ခဲ့သလို အားနည်းချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားနေတာပါ၊ လီဗာပူးလ်လည်း အဲလိုလုပ်မှာပါ"


"သူ့အရပ်က ၅ ပေ ၉ လက်မပဲရှိတာမို့ အသင်းတိုင်းက သူ့ကိုပဲ ဦးတည်ကစားပါလိမ့်မယ်၊ သူ့အတွက် ဒီအရပ်အမောင်းက မလုံလောက်ပါဘူး၊ သူ ကွင်းလယ်မှာလည်း ကစားနိုင်ပါလိမ့်မယ်၊ နည်းစနစ်ပိုင်းအရလည်း ကောင်းပါလိမ့်မယ်၊ ဒါပေမယ့် ဗဟိုခံစစ်မှူးတယောက်အနေနဲ့ ဒီလိဂ်မှာ သူ ခက်ခဲမှာဖြစ်ပြီး သူ့အားနည်းချက်ကို လျင်လျင်မြန်မြန်ပဲ အားလုံးက ရှာတွေ့တာကို ခံရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က