ဒီနေ့မှာ အပြီးသတ်ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ဟာ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုဖော်ပြခဲ့ပြီးဖြစ်ကာ ဂျိမ်းစ်အတွက် ပေါင် ၂၅သန်းခန့် ယူနိုက်တက်က ရရှိမှာဖြစ်ပြီး ဒီနေ့မှာ ဆေးစစ်မှုတွေကို ပြုလုပ်ကာ အပြောင်းအရွှေ့ကို အပြီးသတ်မှာလည်ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်လ် ဝေးလ်ကစားသမားဟာ ယူနိုက်တက်အတွက် ၂ရာသီကြာကစားပေးခဲ့ပြီး ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကိုတော့ ချယ်လ်ဆီးလိုအသင်းမျိုးနဲ့ ကစားရချိန်မှာ ရယူနိုင်ခဲ့ပြီး ဖခင်ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ အဆိုပါပွဲအပြီး ပြောဆိုခဲ့မှုကြောင့် ပိုမိုအမှတ်တရရှိစေမယ့် သွင်းဂိုးဖြစ်ခဲ့သလို ပရိသတ်အားပေးမှုလည်း ပိုမိုရရှိခဲ့ပါတယ်။


ဒါပေမယ့်လည်း ဂျိမ်းစ်အနေနဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ပုံမှန်နေရာတောင် ပျောက်ဆုံးနေခဲ့ရပါတယ်။ ဒီရာသီမှာ အသင်းအတွက် လိဂ်ပွဲ ၂ပွဲကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ ဆန်ချို၊ ရော်နယ်ဒိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဂျိမ်းစ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်

ဆွမ်ဆီးကစားသမားဘဝမှာ ဂျိမ်းစ်ကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်က ကြိုးစားခဲ့ဖူးပြီး နီးစပ်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနို်က်တက်က ကြားဖြတ်ဝင်ရောက်လာချိန်မှာတော့ လိဒ်တို့ လက်မြှောက်ခဲ့ရပြီး အလျှော့ပေးခဲ့ရတာဖြစ်ပါတယ်။ အခုအခါမှာတော့ ဘီယဲလ်ဆာက သူ့ရဲ့အမြန်နှုန်းအားပြုပြီး တိုက်စစ်ပြီးတိုက်စစ်ကစားဟန်မှာ အသင့်တော်ဆုံးလို့ဆိုရမယ့် ဂျိမ်းစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


Share

က္က