ဘောလုံးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို စီမံခန့်ခွဲသွားမှာပါ။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီဖြစ်ကြောင်း အသင်းဘက်က တရားဝင်ကြေညာခဲ့ပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ ကာလရှည်ပရိသတ်ဖြစ်ပြီး ချဲလ်ဆီးကိုလည်း ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။



ဗြိတိန်သူဌေးကြီးဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် လပေါင်းများစွာကြာအောင် သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရောင်းအဝယ်ကိစ္စက ခရစ္စမတ်နေ့မတိုင်ခင် တစ်ညမှသာ တရားဝင်အတည်ပြုကြေညာနိုင်ခဲ့တာပါ။

ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရက်ကလစ်ဖ်က အသင်းအတွက် ပေါင်သန်း (၃၀၀) အထိ ရင်းနှီးမြှုပ်နှံပြီး စိုက်ထုတ်သုံးစွဲသွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ရက်ကလစ်ဖ်ဟာ ပြင်သစ်လီဂူးကလပ် နိုက်စ်ရဲ့ အသင်းပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပြီး အာဆင်နယ် ကစားသမားဟောင်း ဗီယာရာကလည်း ရက်ကလစ်ဖ်ရဲ့ နိုက်စ်မှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ဖူးပါတယ်​။ ယူနိုက်တက်ကတော့ လက်ရှိမှာ ကွင်းတွင်းခြေစွမ်း တော်တော်လေး ဆိုးရွားနေတာပါ။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အသင်းအတွက် လုံလောက်တဲ့ ပံ့ပိုးမှုတွေ မပြုလုပ်ပေးတဲ့ ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ အခု ရက်ကလစ်ဖ်​ရောက်လာချိန်မှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မျှော်လင့်နေကြပြီး လက်တွေ့ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က